Transfer

အယ်လ်နာဆာက ရော်နယ်ဒိုကိုခေါ်ပြီးနောက် အယ်လ်ဟီလယ်က မက်ဆီကိုခေါ်ဖို့လုပ်ဆောင်

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို လုပ်ခလစာအမြောက်အများပေးပြီး ခေါ်ယူပြီးနောက် အယ်လ်ဟီလယ်အသင်းကလည်း မက်ဆီကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ မန်ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဆော်ဒီကလပ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာခဲ့တာပါ။

စပိန်သတင်း မွန်ဒိုဒီပိုတီဗိုရဲ့ ဖော်ပြချက်အရ အယ်လ်ဟီလယ်အသင်းဟာ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရတာပါ။အယ်လ်ဟီလယ်အသင်းဟာ မက်ဆီကို တစ်နှစ်လုပ်ခ ဒေါ်လာသန်း ၃၀၀ ထက်မနည်းပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

မက်ဆီနဲ့ ဆော်ဒီကလည်း ဆက်ဆံရေးရှိတာကြောင့် ဒီအပြောင်းအရွှေ့ဖြစ်မြောက်နိုင်ဖို့ အယ်လ်ဟီလယ်က မျှော်လင့်နေတာပါ။

မက်ဆီဟာ လက်ရှိအချိန်မှာ ဆော်ဒီရဲ့ ခရီးသွားသံတမန်လည်းဖြစ်ပါတယ်။မက်ဆီကို ခေါ်ယူနိုင်ဖို့အတွက် ဆော်ဒီနိုင်ငံဟာ အယ်လ်ဟီလယ်ကို ငွေကြေးပိုင်းအရ ကူညီပေးနိုင်တယ်လို့ သိရပါတယ်။

ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမား ၂ ဦးရှိတာက ဆော်ဒီရဲ့ဘောလုံးလိဂ်ကို တိုးတက်စေမယ်လို့ ဆော်ဒီနိုင်ငံက ယုံကြည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Transfer

မက်ဆီကို နောက်ထပ်သုံးနှစ်သုံးမိုး အပိုင်ချုပ်ထားဖို့ ပီအက်စ်ဂျီတို့ မျှော်လင့်နေ

ပီအက်စ်ဂျီအသင်းဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ကြယ်ပွင့် မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားက အသင်းသစ်နဲ့