Transfer

သူ့ကိုခေါ်ဖို့ ကလပ်အသင်းတွေအများကြီးကြိုးစားခဲ့ကြတာလို့ ပြောခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုက အယ်လ်နာဆာအသင်းကို မပြောင်းရွှေ့ခင်မှာ ဥရောပကအပါအဝင် ကလပ်အသင်းတွေအများကြီးက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့ကြတာလို့ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့စံချိန်တင်လုပ်ခလစာ ယူရိုသန်း ၂၀၀ နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုကာ အယ်နာဆာအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက “ဘယ်သူကမှမသိပေမယ့် ဥရောပက အခွင့်အရေးတွေအများကြီးရခဲ့ပါတယ်။ဘရာဇီးလ်၊ သြစတြေးလျနဲ့ အမေရိကန်ကလပ်တွေအများကြီးလည်း ပါပါတယ်။ပေါ်တူဂီမှာလည်း ကျွန်တော့်ကို ခေါ်ဖို့ ကလပ်အသင်းအများကြီးကြိုးစားခဲ့ကြပါတယ်”

“ဒါပေမယ့် ဘောလုံးသာမက ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလန်းအတွက် ဒီကလပ်ကို ကျွန်တော်ခရက်ဒစ်ပေးပါတယ်။ဒီနိုင်ငံဟာ အံ့မခန်းပါပဲ”လို့ ဆိုခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ခေါ်ယူပြီးနောက် နာမည်ကြီးကစားသမားတချို့ကိုပါ ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ရော်နယ်ဒိုအနေနဲ့ အယ်လ်တေအီနဲ့ ကစားမယ့်ပွဲမှာ အယ်လ်နာဆာအတွက် ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

Laliga Transfer

ဂရစ်ဇ်မန်းကိစ္စတိုင်ပတ်နေတာ ကျနော့်အပူမပါဘူးလုပ်နေတဲ့ ဘာကာနည်းပြဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက အက်သလက်တီကိုထံ အငှားချထားတဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ အဆိုပါ ပြင်သစ် ကစားသမားဟာ အက်သလက်တီကိုမှာ (၂) ရာသီအငှား စာချုပ်နဲ့ သွားကစားနေတာပါ။ လာမယ့်နွေရာသီမှာ သူ့ရဲ့အငှားစာချုပ်က ကုန်ဆုံးမှာဖြစ်ပြီး နှစ်သင်းကြား
Transfer

မက်ဆီကို နောက်ထပ်သုံးနှစ်သုံးမိုး အပိုင်ချုပ်ထားဖို့ ပီအက်စ်ဂျီတို့ မျှော်လင့်နေ

ပီအက်စ်ဂျီအသင်းဒါရိုက်တာ လူးဝစ်ကမ်းပို့စ်က လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ကြယ်ပွင့် မက်ဆီကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာပါ။ ဒီကစားသမားက အသင်းသစ်နဲ့