ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေးသုံးစွဲကြောင်းတွေ့ရှိခဲ့ရတဲ့အတွက် ပွဲကစားခွင့်ယာယီပိတ်ပင်ခံလိုက်ရပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းက အူဒီနီးစ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ အခုနှစ်ရာသီစီးရီးအေအဖွင့်ပွဲစဉ်အပြီး ဆေးစစ်မှုပြုလုပ်ဖို့အတွက် ကျပန်းရွေးချယ်ခဲ့ရာမှာ ပါဝင်ခဲ့တာပါ။ပေါ့ဘာဟာ ဒီပွဲမှာလူစားဝင်ကစားသမားအဖြစ်တောင် မပါဝင်ခဲ့ရပေမယ့် ဆေးစစ်မှုပြုလုပ်ခံခဲ့ရပြီး တားမြစ်ဆေးသုံးစွဲကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ပေါ့ဘာဟာ ပွဲကစားခွင့်ယာယီပိတ်ပင်ခံခဲ့ရပေမယ့် ၃ ရက်အတွင်းပြန်ပြီးဆေးစစ်မှုပြုလုပ်ကာ ရလဒ်ကို ပြန်ပြီးတုံ့ပြန်နိုင်ခွင့်ရှိနေတာပါ။ဒါပေမယ့် တားမြစ်ဆေးသုံးစွဲကြောင်းတွေ့ရှိရမယ်ဆိုရင် ပေါ့ဘာအနေနဲ့ ၂ နှစ်ကနေ ၄ နှစ်အထိ ပွဲကစားခွင့်ပိတ်ပင်ခံရနိုင်တယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ဂျူဗင်တပ်စ်အသင်းဆီကို ပြန်ရောက်လာပြီးထဲက ဒဏ်ရာတွေကြောင့် ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ပြီးပြသနိုင်ဖို့ မျှော်လင့်ထားပေမယ့် နောက်ထပ်အတားအဆီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ပေါ့ဘာအနေနဲ့ အပြစ်ရှိကြောင့် တွေ့ရရင်တော့ ဂျူဗင်တပ်စ်အသင်းဟာ သူ့ကို စာချုပ်ဖျက်သိမ်းဖွယ်ရှိနေပါတယ်။