Serie A

စီးရီးအေကလပ် အတ္တလန္တာထံ အငှားနဲ့ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ ဂရင်းဝုဒ်

ယူနိုက်တက်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အတ္တလန္တာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့နိုင်ဖို့အတွက် ဖြစ်နိုင်ဖွယ်ရှိတဲ့ အပြောင်းအရွှေ့ကို ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အတ္တလန္တာအသင်းဟာ ဂရင်းဝုဒ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး သူတို့တိုက်စစ်မှူး ဟော့ဂျ်လန်းကို ယူနိုက်တက်အသင်းက ခေါ်ယူမယ်ဆိုရင် ဒီအပြောင်းအရွှေ့က အစိတ်အပိုင်းအနေနဲ့ ပါဝင်လာနိုင်တာပါ။အဲ့ဒါကြောင့် အတ္တလန္တာအသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။

မုဒိမ်းမှုပါအဝင်စွဲချက်တွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ၂၀၂၂ ဇန်နဝါရီထဲက ပွဲကစားခွင့်နဲ့ ဝေးကွာခဲ့တဲ့ ဂရင်းဝုဒ်ဟာ စွဲချက်တင်ထားတဲ့ အမှုတွေအားလုံးရုပ်သိမ်းခံရပြီးနောက် မြက်ခင်းစိမ်းထဲကို အမြန်ဆုံးခြေချချင်နေပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း နည်းပြတစ်ဦးငှားရမ်းပြီး သူ့ရဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းပြီး အကောင်းဆုံးပုံစံရရှိအောင် လေ့ကျင့်မှုတွေ ပြုလုပ်နေတာပါ။ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်က ဂရင်းဝုဒ်ဟာ သူ့ရဲ့အစီအစဉ်ထဲမှာ ပါဝင်နေတာကြောင့် အပြီးသတ်မရောင်းချချင်ဘဲ အငှားသာချချင်နေတာဖြစ်ပါတယ်။

ဂရင်းဝုဒ်နဲ့ ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၅ အထိ သက်တမ်းရှိနေပြီး သူ့ကို ခေါ်ယူဖို့ အသင်းအများအပြားက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Serie A

အစ်ကိုကမွှေလိုက် ဒဏ်ရာကမွှေလိုက်နဲ့ ကံဆိုးပြီးရင်းဆိုးနေတဲ့ ပေါ့ဘာ

ပေါ့ဘာဟာ ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူရတော့မှာ ဖြစ်လို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ ဇူလိုင်လကတည်းက ဒဏ်ရာပြဿနာခံစားခဲ့ရတာဖြစ်ပြီး အခုရာသီ ဂျူဗင်တပ်စ်အသင်းအတွက် ပါဝင်ကစားရခြင်းမရှိသေးတာပါ။ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် ဩစ‌တြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနည်းပြ
Serie A

ပေါ့ဘာ ကျိန်စာတိုက်တဲ့ကိစ္စ ပထမဆုံးအကြိမ်အဖြစ် အမ်ဘာပေကိုယ်တိုင်ဖွင့်ဟ

ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြယ်ပွင့် အမ်ဘာပေက ပေါ့ဘာ သူ့အပေါ် ကျိန်စာတိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ပေါ့ဘာရဲ့ ပြောစကားတွေကိုသာ ယုံကြည်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဘာတယောက် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့တယ်လို့ ပေါ့ဘာရဲ့အကိုက ဆိုတာပါ။ ပေါ့ဘာဟာ အာဖရိက အောက်လမ်းဆရာတယောက်ကို