Premier League

အမြင့်ဆုံးအဆင့်မှာကစားနိုင်တယ်ဆိုတာ မိမိသက်သေပြသနိုင်တယ်လို့ဆိုခဲ့တဲ့ အီလန်ဂါ

အသင်းဟောင်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အီလန်ဂါက သူဟာ အမြင့်ဆုံးအဆင့်မှာကစားနိုင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် အီလန်ဂါဟာ ပြီးခဲ့တဲ့နွေရာသီက ပေါင် ၁၅ သန်းနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။အီလန်ဂါဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ပြောင်းရွှေ့ပြီးကတည်းက ခြေစွမ်းပြသနေပြီး ၄ ဂိုးသွင်းယူကာ ၆ ဂိုးဖန်တီးထားတာဖြစ်ပါတယ်။

အီလန်ဂါဟာ ပြီးခဲ့တဲ့ရာသီက အဲရစ်တန်ဟတ်လက်အောက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာကို ဒီရာသီ အသင်းဟောင်းနဲ့တွေ့တဲ့ပွဲမှာ ခြေစွမ်းပြပြီး သက်သေပြသွားခဲ့တာပါ။အီလန်ဂါက “ပြီးခဲ့တဲ့ရာသီကပွဲတွေမှာ ၅ မိနစ်၊ ၁၀ မိနစ်လောက်သာကစားခဲ့ရတာက ကျနော့်အတွက် မလွယ်ကူပါဘူး။ကျနော်ခက်ခဲနေတဲ့အချိန်မှာ သန်မာအောင်နေခဲ့ရပါတယ်”

“ဒီပွဲဟာ ကျနော့်အတွက် ပုဂ္ဂိုလ်ရေးခံစားချက်ဖြစ်ပါတယ်။ကျနော်ဟာ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်စွမ်းရှိတာကို သက်သေပြသနိုင်ခဲ့ပါတယ်။ကျနော်ကို ခေါ်ယူပေးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းကို ကျေးဇူးတင်ပါတယ်။ကျနော်ဒီထက်ပိုပြီးကြိုးစားလုပ်ဆောင်သွားမှာပါ”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ