Premier League

လူတန်ကို အသည်းအသန်ကစားခဲ့ရပြီး ၂၀၂၃ ကို အနိုင်နဲ့ နှုတ်ဆက်ခဲ့တဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ အစောဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ လူတန်နဲ့ ချယ်လ်ဆီးအသင်းတို့ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ ချယ်လ်ဆီးအသင်းဟာ ကိုးလ်ပါးမားရဲ့၂ ဂိုး၊ မာဒူကီက ၁ ဂိုးနဲ့ လူတန်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် လူတန်အသင်းရဲ့ဆက်တိုက်ဖိအားပေးတိုက်စစ်ဆင်မှုတွေကြောင့် ပွဲပြီးကာနီးမှာ ဘာကလေနဲ့အဒီဘာယိုတို့က ချေပဂိုးတွေသွင်းယူခဲ့တာပါ။အဲ့ဒါကြောင့် နာကျင်အချိန်ပိုမှာ ပွဲကပိုပြီး မြိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ နောက်ထပ်ချေပဂိုးမပေးရအောင် အကောင်းဆုံးကစားသွားနိုင်ခဲ့တာကြောင့် ၃ ဂိုး- ၂ဂိုးနဲ့ အနိုင်ရပြီး ၂၀၂၃ ကို အနိုင်နဲ့ နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ ဒီပွဲအပါအဝင် ၂ ပွဲဆက်တိုက်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲရခဲ့ပေမယ့် အဆင့် ၁၀ နေရာမှာဆက်လက်ရပ်တည်နေပြီး လူတန်အသင်းကတော့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ