Premier League

ဘရိုက်တန်နဲ့ပွဲမှာ စပါးကစားသမားတွေ ပင်ပန်းနေတယ်လို့ ဆိုခဲ့တဲ့ ပိုစတီကိုဂလူး

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက ဘရိုက်တန်အသင်းကို စပါးအသင်း ၄ ဂိုး- ၂ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲမှာ သူ့ရဲ့ကစားသမားတွေဟာ ပင်ပန်းနေတယ်လို့ ပြောလိုက်ပါတယ်။

စပါးအသင်းဟာ အဓိက ကစားသမားတွေရဲ့ဒဏ်ရာရရှိနေမှုကြောင့် ရုန်းကန်နေရပြီး ဘရိုက်တန်အသင်းကို မိနစ် ၈၀ အထိ ၄ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။မိနစ် ၈၀ နောက်ပိုင်းမှာတော့ စပါးအသင်း ချေပဂိုး ၂ ဂိုးပြန်ရခဲ့တာဖြစ်ပါတယ်။စပါးအသင်းဟာ ဒီရှုံးပွဲကြောင့် အဆင့် ၄ နေရာကို ပြန်ရယူနိုင်မယ့် အခွင့်အရေးလွဲချော်ခဲ့တာပါ။

ပိုစတီကိုဂလူးက “ကျနော်တို့ ပင်ပန်းနေပုံရပြီး ဒါကို နားလည်ပါတယ်။ကစားသမားတွေဟာ ဒီပွဲမှာ အရာအားလုံးကိုပေးခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာမှာ ထက်မြတ်မှုမရှိခဲ့ရင်တောင် တတ်နိုင်သမျှသူတို့ပေးနိုင်တဲ့အရာကို ပေးခဲ့ပြီး ပွဲပြီးဆုံးတဲ့အချိန်ထိ ကြိုးစားနေဆဲပါ”လို့ ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ဒီပွဲမတိုင်ခင် နောက်ဆုံး ၃ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် အဓိကနောက်ခံလူ ရိုမဲရိုးဒဏ်ရာကြောင့် မပါဝင်နိုင်တာအပါအဝင် ကစားသမား ၁၀ ဦးအထိ ဒဏ်ရာကြောင့် အနားယူနေရတယ်လို့ နည်းပြ ပိုစတီကိုဂလူးက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ