Premier League

၀က်စ်ဟမ်းနဲ့ပွဲမှာ အာဆင်နယ်အနိုင်ရဖို့ လုံလောက်ခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပြီး အဆင့် ၁ နေရာကို လီဗာပူးလ်အသင်းထံ ပေးခဲ့ရပြီးမှာ ဒီပွဲမှာ အာဆင်နယ်အသင်းအနိုင်ရဖို့ မလုံလောက်ခဲ့ဘူးလို့နည်းပြ အာတီတာကပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှုအကြိမ်(၃၀)အထိရှိခဲ့ပြီး ဝက်စ်ဟမ်းဂိုးဧရိယာထဲမှာ ဘောလုံးထိချက်(၇၇)ကြိမ်အထိရှိခဲ့ပေမယ့် ဂိုးရအောင်တော့ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိတာပါ။အာဆင်နယ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း အရေးနိမ့်ထားတာကြောင့် ဒီရာသီတွေ့ဆုံခဲ့တဲ့ ၂ ကြိမ်စလုံး ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းကွင်းလယ်လူ ဆူချက်ခ်သွင်းယူခဲ့တဲ့ဂိုးမှာ ဘောလုံးပေးပို့ခဲ့တဲ့ ဘိုဝင်ရဲ့ပေးပို့မှုဟာ စည်းကျော်ခဲ့ပေမယ့် ဒါကိုပြသနိုင်ဖို့ တိကျတဲ့အထောက်အထားမရှိတာကြောင့် ကွင်းလယ်ဒိုင်လူကြီးက ဂိုးကို ခွင့်ပြုခဲ့တာပါ။အာတီတာကတော့ သူတို့အနိုင်ရဖို့ အခွင့်အရေးတွေအများကြီးရခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ဒီပွဲမှာ ဂိုးကန်သွင်းမှုအကြိမ်(၃၀)ရခဲ့ပေမယ့် ဂိုးမရခဲ့ပါဘူး။ဒါကြောင့် အကြိမ် ၅၀ ၊ ၆၀ လောက်ကန်ပြီး ဂိုးရအောင်ပြုလုပ်ရမှာပါ။ကျနော်တို့ဟာ ဝက်စ်ဟမ်းဂိုးဧရိယာမှာ ထိချက်များပြီး ပွဲကိုလည်း ကြီးစိုးနိုင်ခဲ့ပေမယ့် အနိုင်ရအောင်တော့ မပြုလုပ်နိုင်ခဲ့ပါဘူး။ဒီပွဲမှာ ကျနော်တို့ အနိုင်ရဖို့ မလုံလောက်ခဲ့ပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ