Premier League

ချယ်လ်ဆီးအတွက် ပွဲဦးစထွက်တဲ့ပွဲမှာ ဒဏ်ရာထပ်ရသွားခဲ့တဲ့ လာဗီးယား

ပြီးခဲ့တဲ့နွေရာသီက ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ လာဗီးယားဟာ ချယ်လ်ဆီးအသင်းအတွက် ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပွဲဦးထွက်အဖြစ် စတင်ပါဝင်ခဲ့တာဖြစ်ပါတယ်။

လာဗီးယားဟာ ချယ်လ်ဆီးအသင်းအတွက် ပွဲဦးထွက်ဖို့ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရပြီးနောက် ပါဝင်ခဲ့တဲ့ ပဲလေ့စ်အသင်းနဲ့ပွဲမှာ မိနစ် ၃၀ ကြာကစားခွင့်ရခဲ့ပြီးနောက် ပေါင်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ပိုချက်တီနိုကတော့ လာဗီးယားရဲ့ဒဏ်ရာအခြေအနေအပေါ် စိုးရိမ်မှုတွေရှိနေတာပါ။

ပိုချက်တီနိုက “လာဗီးယားအတွက် ကျနော်အနည်းငယ်စိတ်ပူမိပါတယ်။သူဟာ ပွဲပြီးဆုံးတဲ့အချိန်အထိ ကစားသွားခဲ့ပေမယ့် ကြီးကြီးမားမားဒဏ်ရာမဖြစ်ဖို့ မျှော်လင့်တယ်”လို့ ပွဲအပြီးသတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဒီရာသီမှာ အဓိက ကစားသမားအများအပြား ဒဏ်ရာရရှိနေမှုကြောင့် ရလဒ်တွေကလည်း အတက်အကျကြမ်းနေတာပါ။ချယ်လ်ဆီးအသင်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ နောက်ဆုံးပွဲစဉ်အဖြစ် လူတန်အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ