Premier League

မန်စီးတီးက ကမ္ဘာ့ချန်ပီယံဆိုတာ ကစားသမားတွေကို နေ့တိုင်းသတိပေးနေရတယ်လို့ဆိုခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အဲဗာတန်အသင်းကို အနောက်ကနေလိုက်ကစားပြီး ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီးနောက် ဒါကြောင့်လည်း မန်စီးတီးအသင်းက ကမ္ဘာ့ချန်ပီယံဖြစ်နေတာလို့ ပြောလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဟာရစ်ဆင်ရဲ့သွင်းဂိုးနဲ့ အဲဗာတန်အသင်းရဲ့ဦးဆောင်ခြင်းခံခဲ့ရပေမယ့် ဖိုဒန်၊အယ်လ်ဗားရက်ဇ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့က အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ဒီပွဲဟာ ဖီဖာကလပ်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိပြီးနောက် မန်စီးတီးအသင်းအတွက် ပထမဆုံးကစားတဲ့ပွဲလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီနိုင်ပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးတာကို အဆုံးသတ်ပေးနိုင်ခဲ့တာပါ။မန်ချက်စတာကလပ်ဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၁နေရာက လီဗာပူးလ်အသင်းနဲ့ ၅ မှတ်အကွာ ၁ ပွဲနဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ကျနော်တို့က ကမ္ဘာ့ချန်ပီယံအသင်းနဲ့ ကမ္ဘာ့အကောင်းဆုံးအသင်း ဘာကြောင့်ဖြစ်နေလဲဆိုတာ ဒီလိုနိုင်ပွဲရယူနိုင်တာကြောင့်ပါ။ကျနော်ဒီအကြောင်းကို နေ့တိုင်းပြောပြီး ကစားသမားတွေကို သတိပေးနေတာပါ။ကျနော်တို့ရဲ့အဆင့်အတန်းတွေကို ဆက်ပြီးထိန်းသိမ်းရပါမယ်။ဒါကို အောက်ကျအောင်လုပ်လို့မရဘူး”လို့ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ