Premier League

အိပ်လို့ပိုကောင်းတော့မယ်လို့ ကလောပ့်ထွက်ခွာမယ့်အပေါ် ပြောခဲ့တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီရာသီအကုန်မှာ လီဗာပူးလ်အသင်းကနေ ကလောပ့်ထွက်ခွာတော့မှာဖြစ်တာကြောင့် သူအိပ်လို့ပိုကောင်းတော့မယ်လို့ ပြောလိုက်ပါတယ်။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ ဒီရာသီအကုန်မှာ ၉ နှစ်ကြာရှိခဲ့တဲ့ အသင်းကနေ ထွက်ခွာတော့မယ်လို့ မနေ့က ကြေညာသွားခဲ့တာပါ။ကလောပ့်ဟာ လီဗာပူးလ်အသင်းနဲ့ ဆုဖလားအားလုံးရယူပြီးနောက်မှာ သူ့ရဲ့စွမ်းအင်တွေကုန်ခမ်းသွားပြီလို့ ယူဆရတာကြောင့် ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့တာဖြစ်ပါတယ်။

ကလောပ့်နဲ့ ဂွာဒီယိုလာတို့ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဓိကပြိုင်ဘက်အဖြစ် ရှိခဲ့တာတင်မဟုတ်ဘဲ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်အသင်းကို ကိုင်တွယ်ချိန်ကလည်း အဓိကပြိုင်ဘက်အဖြစ် ရှိခဲ့ကြတာပါ။ဂွာဒီယိုလာကတော့ ဒါကို သူလွမ်းဆွတ်နေတော့မယ်လို့ ဆိုခဲ့ပါတယ်။

ဂွာဒီယိုလာက “လီဗာပူးလ်နဲ့ ပွဲမတိုင်ခင်ဆို အိပ်မက်ဆိုးတွေမက်ခဲ့ရတာကြောင့် အခုအိပ်လို့ပိုကောင်းတော့မှာပါ။သူကလည်း ဒါကို လွမ်းနေမှာဖြစ်သလို ကျနော်တို့လည်း ဒါကိုလွမ်းနေမှာပါ။သူနဲ့ လီဗာပူးလ်မပါဘဲ ကျနော်တို့ဒီမှာအတူတူရှိခဲ့တဲ့အချိန်ကို သတ်မှတ်လို့ရမှာမဟုတ်သလို ဖြစ်လည်းဖြစ်နိုင်မှာမဟုတ်ပါဘူး။သူက ကျနော့်ရဲ့အဓိကပြိုင်ဘက်ပါ။သူအကောင်းဆုံးဖြစ်ဖို့ ကျနော်ဆုတောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

ကလောပ့်ကတော့ လီဗာပူးလ်အသင်းကနေ ထွက်ခွာအပြီးမှာ နည်းပြလောကက အနားယူနိုင်တယ်လို့ ပြောခဲ့ပေမယ့် ဂွာဒီယိုလာက ထပ်ပြီးတွေ့နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ