Premier League

ဘုန်းမောက်ဘောကောက်ကလေးငယ်ကို တွန်းထုတ်ခဲ့တဲ့ လီနိုကို ကာကွယ်ခဲ့တဲ့ မာကိုဆေးလ်ဗား

ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားက ဘုန်းမောက်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘုန်းမောက်အသင်းရဲ့ဘောကောက်ကလေးငယ်ကို တွန်းထုတ်ခဲ့တဲ့ ဂိုးသမား လီနိုကို ကာကွယ်တဲ့ စကားပြောခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ဘုန်းမောက်အသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေချိန်မှာ လီနိုက ပွဲကို အမြန်ဆုံးပြန်စတင်ချင်တဲ့အတွက် ဘောကောက်ကလေးငယ်ဆီက ဘောလုံးကို အလျင်အမြန်ရယူပြီး အဆိုပါ ကလေးငယ်ကို တွန်းထုတ်ခဲ့တာပါ။လီနိုဟာ ဒီအဖြစ်အပျက်မတိုင်ခင်ကတည်းက အဝါကတ်ပြသခံထားရပေမယ့် အနီကတ်ပြသထုတ်ပယ်ခံရမယ့်အရေးကို ရှောင်ရှားနိုင်ခဲ့တာဖြစ်ပါတယ်။

လီနိုဟာ နောက်ပိုင်းမှာ အဆိုပါကလေးငယ်ကို တောင်းပန်ခဲ့ပေမယ့် ဘုန်းမောက်အသင်း ပရိသတ်တွေရဲ့လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။မာကိုဆေးလ်ဗားကတော့ လီနိုဟာ ဘုန်းမောက်ဘောကောက်ကလေးငယ်ကို တွန်းထုတ်ခဲ့ခြင်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။

မာကိုဆေးလ်ဗားက “ဒီအခိုက်အတန့်ကို ကျနော်မြင်ခဲ့ရပါတယ်။ဒါက သူတို့ဘက်က ညွှန်ကြားထားတဲ့အရာဟုတ်လား၊မဟုတ်ဘူးလားဆိုတာ မသိပေမယ့် ဘောကောက်ကောင်လေးတွေက အမြဲတမ်းနှောင့်နှေးအောင်ပြုလုပ်ပါတယ်။လီနိုက ဘောလုံးကို အမြန်ကစားချင်တာကြောင့် သူ့ဆီကနေ ဘောလုံးရယူခဲ့တာပါ။သူ မတွန်းခဲ့ပါဘူး။သူက ထိပ်တန်းပရော်ဖက်ရှင်နယ်သမားတစ်ဦးပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ