Premier League

ပရီးမီးယားလိဂ်သွင်းဂိုးတွေစပြီးရေတွက်ဖို့ ပြောလိုက်တဲ့ ဟော့ဂျ်လန်း

ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို ၃ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းက နောက်ထပ်သွင်းဂိုးတွေ ထပ်ပြီးသွင်းယူနိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက အတ္တလန်တာအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဟော့ဂျ်လန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုးတွေသွင်းယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးမသွင်းနိုင်တာကြောင့် ဝေဖန်မှုတွေခံခဲ့ရတာပါ။ဒါကို ဟော့ဂျ်လန်းဟာ အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟော့ဂျ်လန်းက “အခုအချိန်မှာ ကျနော်ဟာ အပျော်ရွှင်ဆုံးလူသားပါပဲ။ပရီးမီးယားလိဂ်သွင်းဂိုးရဖို့စောင့်ဆိုင်းခဲ့ရပေမယ့် ကျနော်ပျော်ရွှင်ပါတယ်။ကျနော်ရဲ့အောင်ပွဲခံပုံကို ကြည့်ရင် ခင်ဗျားတို့မြင်တွေ့ရမှာပါ။ကျနော်တို့ဟာ နောက်ဆုံးအချိန်ထိ ယုံကြည်မှုရှိခဲ့ပြီး စရိုက်လက္ခဏာတွေကိုလည်း ပြသခဲ့ပါတယ်။နောက်ထပ်ဂိုးတွေထပ်ပြီးသွင်းယူနိုင်ဖို့ မျှော်လင့်တယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၆ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး အခုလာမယ့်ပွဲစဉ်အဖြစ် နော်တင်ဂမ်ဖောရက်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ