Premier League

ဘာရာဒါကို ခေါ်လိုက်လည်း ယူနိုက်တက်အနေနဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ဂွာဒီယိုလာဆို

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အသင်းရဲ့CEO ဘာရာဒါကို ယူနိုက်တက်အသင်းက ခေါ်ယူခဲ့ပေမယ့် ယူနိုက်တက်အသင်းအနေနဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ မန်စီးတီးအသင်းမှာ ၁၀ နှစ်နီးပါးကြာရှိခဲ့တဲ့ ဘာရာဒါကို အသင်းရဲ့CEO အသစ်အဖြစ်ခန့်အပ်ခဲ့တာပါ။ဆာဂျင်ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့အစုရှယ်ယာကို ဝယ်ယူပြီးနောက် အသင်းရဲ့အဓိကခန့်အပ်မှုအဖြစ် ဘာရာဒါကို CEO အဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဒီဘရိုင်းက မန်စီးတီးမှာကစားနေသလို ဟာလန်းလည်းဒီမှာကစားနေတာပါ။အဲ့ဒါကြောင့် အဆုံးသတ်က ဒီလောက်မရိုးရှင်းပါဘူး။ယူနိုက်တက်အသင်းဟာ ဘာရာဒါနဲ့အတူ အရာအားလုံးပြောင်းလဲသွားမယ်လို့ထင်နေကြပါတယ်။ဂုဏ်ယူပါတယ်။ဒီလိုဖြစ်သွားမလားဆိုတာ ကျနော်လည်းမသိပါဘူး”

“ဘာရာဒါဟာ ချစ်ဖို့ကောင်းတဲ့သူဖြစ်သလို မယုံနိုင်စရာကောင်းတဲ့ စရိုက်လက္ခဏာ၊ မယုံနိုင်လောက်တဲ့ ပရော်ဖက်ရှင်နယ်ပါ။မနေ့ကတွေ့ခဲ့ပြီး ပွေ့ဖက်ကာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်။သူဟာ တကယ်ကိုထူးချွန်တဲ့သူပါ”လို့ ဆိုခဲ့ပါတယ်။

ဘာရာဒါဟာ ပြီးခဲ့တဲ့နှစ်တွေမှာ မန်စီးတီးအသင်းရဲ့ကွင်းအတွင်းကွင်းအပြင် အောင်မြင်မှုတွေမှာ အဓိကကျတဲ့သူဖြစ်တာကြောင့် ယူနိုက်တက်အသင်းကို ဒီလိုအောင်မြင်မှုတွေရရှိအောင် လုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ