Premier League

Boxing Day ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်တွေကို ခန့်မှန်းလိုက်တဲ့ စူပါကွန်ပျူတာ

စူပါကွန်ပျူတာကတော့ ဒီနေ့ညကစားမယ့် Boxing Day ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်တွေကို ခန့်မှန်းလိုက်ပြီး အံ့အားသင့်စရာရလဒ်တွေပါဝင်နေတာဖြစ်ပါတယ်။

ဒီနေ့ညမှာ Boxing Day ပွဲစဉ် ၅ ပွဲအဖြစ် နယူးကာဆယ်နဲ့ နော်တင်ဟမ်ဖောရက်စ်၊ ဘုန်းမောက်နဲ့ ဖူလ်ဟမ်၊ ရှက်ဖီးယူနိုက်တက်နဲ့ လူတန်၊ ဘန်လေနဲ့ လီဗာပူးလ်၊ ယူနိုက်တက်နဲ့ အက်စတွန်ဗီလာ ပွဲစဉ်တွေဖြစ်တာပါ။စူပါကွန်ပျူတာဟာ ဒီရာသီအသင်းတွေရဲ့ပုံစံ၊ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးက ရလဒ်တွေကို အချက်အလက်မျိုးစုံသုံးပြီး ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

စူပါကွန်ပျူတာက နယူးကာဆယ်အသင်းဟာ အိမ်ကွင်းမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်မယ်လို့ ခန့်မှန်းထားတာပါ။နော်တင်ဟမ်ဖောရက်စ်ဟာ နယူးကာဆယ်ကွင်းမှာ ၁၉၈၈ ကတည်းက အနိုင်မရခဲ့တာဖြစ်ပြီး နယူးကာဆယ်အသင်းကလည်း ဘောက်ဆင်ဒေးပွဲစဉ်တွေမှာ ၂၀၁၃ ကတည်းက ၁ ပွဲသာ အနိုင်ရရှိထားတဲ့ အံ့အားသင့်စရာမှတ်တမ်းရှိနေတာဖြစ်ပါတယ်။

ဖူလ်ဟမ်က အဝေးကွင်းမှာ ဘုန်းမောက်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားပြီး လူတန်ကလည်း ရှက်ဖီးကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားတာပါ။လီဗာပူးလ်အသင်းက ဘန်လေအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရမှာဖြစ်ပြီး ဘောက်ဆင်ဒေးမှာ ရလဒ်ကောင်းတွေရတဲ့ ယူနိုက်တက်က အက်စတွန်ဗီလာနဲ့ ၂ ဂိုးစီသရေကျမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ