Premier League

ဗီလာနဲ့ပွဲမှာ ယူနိုက်တက်အနိုင်ရဖို့ လိုအပ်နေပြီလို့ဆိုခဲ့တဲ့ အဲရစ်တန်ဟတ်

ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးပြီး သွင်းဂိုးတွေပါ ရရှိဖို့ ရုန်းကန်နေရတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရဖို့ လိုအပ်နေပြီလို့ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပြောလိုက်ပါတယ်။

Manchester United manager Erik ten Hag during the UEFA Champions League, Group A match at Old Trafford, Manchester. Picture date: Tuesday December 12, 2023.

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၁၃ ပွဲအထိ အရေးနိမ့်ထားပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်အရေးနိမ့်ကာ အဆင့် ၈ နေရာမှာ ရပ်တည်နေတာပါ။ယူနိုက်တက်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “ဗီလာက အရမ်းကောင်းတဲ့ပုံစံနဲ့ ခြားနားတဲ့အသင်းပါ။သူတို့က အလွန်ကောင်းမွန်တဲ့အသင်းပါ။ခင်ဗျားတို့အနေနဲ့ အခွင့်အရေးတွေကို ဖန်တီးနေပြီး ဒါကို မရယူနိုင်ဘူးဆိုရင် ပွဲတွေကို အနိုင်ရမှာမဟုတ်ပါဘူး။ဒါက ရှင်းပါတယ်။ယူနိုက်တက်ရဲ့စံနှုန်းက ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ သိပါတယ်”

Manchester United’s English defender #23 Luke Shaw (L) and Manchester United Northern Irish defender #35 Jonny Evans (R) applaud fans on the pitch after the English Premier League football match between West Ham United and Manchester United at the London Stadium, in London on December 23, 2023. West Ham won the game 2-0. (Photo by Ben Stansall / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. / (Photo by BEN STANSALL/AFP via Getty Images)

“အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ အနိုင်ရဖို့လိုအပ်နေပါတယ်။အဲ့ဒါကြောင့် အားလုံး ရာနှုန်းပြည့်ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာပါ”လို့ ဆိုခဲ့ပါတယ်။ဗီလာအသင်းဟာ ဒီရာသီမှာ အလွန်ခြေစွမ်းပြသနေပြီး အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို အနိုင်ရလဒ်ရယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ