Premier League

ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ယူနိုက်တက်တန်းဆင်းသွားမှာကို ပရိသတ်တွေစိုးရိမ်နေ

ယူနိုက်တက်အသင်းဟာ အရင်ကဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ တန်းဆင်းသွားမှာကို အသင်းပရိသတ်တွေက စိုးရိမ်မှုတွေရှိနေကြတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ စနေနေ့က ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်းကို အရေးနိမ့်ပြီးနောက် ဒီရာသီပြိုင်ပွဲစုံ ၁၃ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားခဲ့တာပါ။ဒီရှုံးပွဲတွေကြောင့် ယူနိုက်တက်အသင်းဟာ ၁၉၃၀ နောက်ပိုင်း ခရစ္စမတ်မတိုင်ခင် ရှုံးပွဲအများအပြားကြုံတွေခဲ့ရတဲ့ မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အဆိုပါရာသီတုန်းက အခုပရီးမီးယားလိဂ် အရင် အင်္ဂလန်ပထမတန်းကနေ တန်းဆင်းခဲ့ရတာပါ။၁၉၃၀-၃၁ ရာသီမှာ အာဆင်နယ်အသင်းက ရမှတ် ၇ မှတ်အသာနဲ့ အမှတ်ပေးဖလားကို ရယူနိုင်ခဲ့ပြီး အက်စတွန်ဗီလာအသင်းက ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

Soccer Football – Premier League – West Ham United v Manchester United – London Stadium, London, Britain – December 23, 2023 Manchester United’s Andre Onana makes a save REUTERS/Hannah Mckay

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေတာကြောင့် ယူနိုက်တက်အသင်း တန်းဆင်းမှာကို ပရိသတ်တွေက စိုးရိမ်နေတာပါ။ပရိသတ်တစ်ဦးက “အဆိုပါနှစ်မှာပဲ ကျနော်တို့တန်းဆင်းခဲ့ပြီး အာဆင်နယ်က လိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တွေကလည်း ယူနိုက်တက်အသင်းဟာ တန်းဆင်းဖို့အတွက် ပွဲကို ချဉ်းကပ်နေပြီး ရှက်စရာကောင်းတဲ့အသင်းအဖြစ် ရှိနေတယ်လို့ ဆိုရှယ်မီဒီယာတွေမှာ ရေးသားခဲ့တာဖြစ်ပါတယ်။၁၉၃၀-၃၁ ရာသီက ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ဟတ်ဒါဖီးစ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။

ရလဒ်တွေဆိုးနေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် Boxing Day ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ