Premier League

၂၀၂၃ အတွင်းမှာ ဆိုးရွားတဲ့စံချိန်တစ်ခုကို တင်ထားခဲ့တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ဝုလ်ဗ်စ်အသင်းနဲ့ပွဲမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ၂၀၂၃ အတွင်းမှာ ပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက်က ၁၉ ပွဲအထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ထဲမှာ ပြောင်းရွှေ့ကြေးအသုံးစရိတ် ပေါင် ၁ ဘီလီယံအထိ သုံးစွဲထားပေမယ့် ရလဒ်တွေက ပိုပိုပြီးဆိုးရွားလာခဲ့တာပါ။၂၀၂၃ ခုနှစ်ထဲမှာ ဘယ်အသင်းကမှ ချယ်လ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ်ရှုံးပွဲအရေအတွက်ထက် ပိုပြီးရှုံးနိမ့်ထားခြင်းမရှိတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ဒီရှုံးပွဲ ၁၉ ပွဲမှာ ဂရေဟမ်ပေါ်တာလက်ထက် ၅ ပွဲ၊ လမ်းပတ်လက်ထက် ၆ ပွဲနဲ့ လက်ရှိနည်းပြ ပိုချက်တီနိုလက်ထက်မှာ ၈ ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့တာပါ။ချယ်လ်ဆီးအသင်းဟာ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် နှစ်ပေါင်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် အဝေးကွင်း ၄ ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက်တော့ ဆိုးရွားလွန်းတဲ့ စံချိန်မှတ်တမ်းဖြစ်ပြီး ၂၀၂၃ ခုနှစ်ထဲမှာ ပွဲတွေထပ်ကစားဖို့ ရှိနေတာကြောင့် နောက်ထပ်စံချိန်တင်ရှုံးပွဲမကြုံတွေ့ဖို့အတွက် အသင်းကို အကောင်းဆုံးပြင်ဆင်နိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။လာမယ့်ပွဲတွေမှာ ရလဒ်ထပ်ပြီး မကောင်းဘူးဆိုရင်တော့ နည်းပြ ပိုချက်တီနိုအတွက် နည်းပြရာထူးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေရှိလာနိုင်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ