Premier League

ဝုလ်ဗ်စ်ကို အရေးနိမ့်ပြီး စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့ ချယ်လ်ဆီး

ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်နဲ့ ချယ်လ်ဆီးအသင်းတို့ ကစားခဲ့ရာမှာ ဝုလ်ဗ်စ်အသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေရဲ့အဆုံးသတ်ပုံတွေဟာ သိသိသာသာအားနည်းခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်လည်း ချယ်လ်ဆီးအသင်းဟာ လိုအပ်တဲ့ သွင်းဂိုးတွေကို မရယူနိုင်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

ဝုလ်ဗ်စ်အသင်းအတွက်ဂိုးတွေကို လီမီနာနဲ့ ဒိုဟာတီတို့က သွင်းယူခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းအတွက်ချေပဂိုးကို အန်ကွန်ကူက သွင်းယူခဲ့တာဖြစ်ပါတယ်။အန်ကွန်ကူအတွက်တော့ ဒီဂိုးဟာ ချယ်လ်ဆီးအသင်းကစားသမားဘ၀ ပထမဆုံးဂိုးဖြစ်ခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် ချယ်လ်ဆီးနဲ့ ဝုလ်ဗ်စ်အသင်းတို့ဟာ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၀၊ ၁၁ နေရာတွေမှာ ရပ်တည်နေတာဖြစ်ပါတယ်။လာမယ့် ကြားရက်ထဲမှာ ချယ်လ်ဆီးအသင်းက ပဲလေ့စ်၊ ဝုလ်ဗ်စ်အသင်းက ဘရန်ဖိုဒ့်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ