Premier League

တွမ်လော့ခ်ယာ ဆေးရုံကဆင်းပြီလို့ အတည်ပြုခဲ့တဲ့ လူတန်

ဘုန်းမောက်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နှလုံးရပ်ပြီး ကွင်းအတွင်းလဲကျခဲ့တဲ့ လူတန်အသင်းခေါင်းဆောင် တွမ်လော့ခ်ယာဟာ ဆေးရုံကဆင်းပြီး အိမ်ကိုပြန်ရောက်ရှိနေပြီလို့ လူတန်အသင်းက အတည်ပြုခဲ့ပါတယ်။

တွမ်လော့ခ်ဟာ နှလုံးခုန်နှုန်းထိန်းတဲ့စက်တပ်ဆင်ခဲ့ရတယ်လို့ လူတန်အသင်းက ပြောခဲ့တာပါ။ပြီးခဲ့တဲ့မေလက ချန်ပီယံရှစ်ပလေးအောဖ့်ပွဲစဉ်မှာလည်း တွမ်လော့ခ်ယာဟာ လဲကျခဲ့ပေမယ့် ဒီဖြစ်ရပ်၂ ခုက ကွာခြားတယ်လို့ လူတန်အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။တွမ်လော့ခ်ယာ အိမ်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စတင်လုပ်ဆောင်ရတော့မှာပါ။

ဘုန်းမောက်နဲ့လူတန်အသင်းတို့ပွဲစဉ်ကို ပွဲချိန် ၅၉ မိနစ်မှာ ဖျက်ခဲ့ပေမယ့် ပရီးမီးယားလိဂ်က ဒီပွဲစဉ်ကို ပွဲချိန်ပြည့်ပြန်ကစားမယ်လို့ ကြေညာခဲ့ပါတယ်။လူတန်အသင်းဟာ ဒီဖြစ်ရပ်ကို ပထမဆုံးတွေ့ရှိခဲ့တဲ့ ဘုန်းမောက်အသင်းကွင်းလယ်လူ ဘီလင်းနဲ့ ဘုန်းမောက်အသင်း ဆေးအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။

တွမ်လော့ခ်ယာ လူတန်အသင်း ပရီးမီးယားလိဂ်ကို တန်းတက်ရာမှာ အရေးပါတဲ့သူအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကြောင့် ကစားသမားဘ၀ ဆက်ပြီးရှေ့ဆက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ