Premier League

အာဆင်နယ်နဲ့ပွဲမတိုင်ခင် လီဗာပူးလ်ပရိသတ်တွေရဲ့အားပေးမှုကို အားမရဘူးဖြစ်နေတဲ့ ကလောပ့်

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်က ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာ အသင်းပရိသတ်တွေရဲ့အားပေးမှုကို ဝေဖန်မှုပြုလုပ်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဝက်စ်ဟမ်းအသင်းကို အသာစီးနဲ့ ကစားပြီး ဂိုးပြတ်အနိုင်ရယူကာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ဒါပေမယ့် လီဗာပူးလ်အသင်း ပရိသတ်တွေရဲ့အားပေးမှုဟာ ကလောပ့်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ကလောပ့်က “ပထမပိုင်းမှာ ကျနော့်ကစားသမားတွေ ကောင်းမွန်စွာကစားနိုင်ခဲ့ပေမယ့် ကျနော့်အနောက်မှာရှိတဲ့ ပရိသတ်တွေရဲ့အားပေးမှုကို မပျော်မရွှင်ဖြစ်ခဲ့ပါတယ်။သူတို့ဘာကိုလိုချင်လဲဆိုပြီး ကျနော်မေးခဲ့ပါတယ်။အာဆင်နယ်နဲ့ ပွဲမှာတော့ အန်ဖီးလ်ရဲ့အပြင်းအထန်အားပေးမှုကို လိုအပ်ပါတယ်”

“အာဆင်နယ်က ပွဲမကစားခဲ့ရတော့ ဒီပွဲကို သေသေချာချာပြင်ဆင်မယ်ဆိုတာ အားလုံးသိပါတယ်။ဒါကြောင့် ပွဲအစ ၁ စက္ကန့်ကနေ ပရိသတ်တွေရဲ့အပြင်းအထန်အားပေးမှုကို ကျနော်လိုချင်ပါတယ်။ဒီလိုမျိုးပုံစံမရှိဘူးဆိုရင်ခင်ဗျားတို့ရဲ့လက်မှတ်ကို အခြားသူတစ်ဦးဆီပေးလိုက်ပါ”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ