Premier League

ချယ်လ်ဆီးနဲ့ပွဲမှာ ဂိုးမသွင်းနိုင်လို့ စိတ်ပျက်နေပြီး သူ့ကိုရိုက်နေတဲ့ ကင်မရာကိုတွန်းထုတ်ခဲ့တဲ့ ဟာလန်း

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ ၁ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးရနိုင်မယ့်အခွင့်အရေးအများအပြားကို ဖြုန်းတီးခဲ့တာကြောင့် အလွန်စိတ်ပျက်နေပြီး ပွဲအပြီး သူ့ကို လာရိုက်နေတဲ့ ကင်မရာကို တွန်းထုတ်သွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၃၁ ကြိမ်အထိရှိခဲ့ပြီး ဒီထဲမှာ ဟာလန်းရဲ့ကန်သွင်းမှုက ၉ ကြိမ်အထိရှိခဲ့တာပါ။ဒါပေမယ့် ဟာလန်းဟာ ဒီထဲက ဂိုးရနိုင်မယ့် အပိုင်အခွင့်အရေး ၃ ကြိမ်ကို လွဲချော်ခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် ဟာလန်းဟာ အလွန်စိတ်ပျက်နေပြီး ပွဲအပြီးမှာ သူ့ကို လာရိုက်နေတဲ့ ကင်မရာကို တွန်းထုတ်သွားခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် လက်ကျန်ပွဲကစားဖို့ ၁ ပွဲကျန်သေးပေမယ့် အဆင့် ၁ က လီဗာပူးလ်အသင်းနဲ့ ၄ မှတ် အဆင့် ၂ နေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်ကွာဟသွားတာဖြစ်ပါတယ်။မန်စီးတီးအသင်းအတွက်တော့ ဒီပွဲရလဒ်ဟာ အမှတ်ပေးဇယားအဆင့် ၁ နေရာကို တက်ချင်နေတဲ့ သူတို့အသင်းအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

https://twitter.com/collinabanter/status/1758937539635765387?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1758937539635765387%7Ctwgr%5E544cb78de9c6f15a6fe7e7826dd018573f37d6ea%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fmetro.co.uk%2F2024%2F02%2F17%2Ferling-haaland-shoves-camera-face-man-city-draw-chelsea-20299604%2F

မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းအတွက် ၁၆ ဂိုးသွင်းယူထားပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ