Premier League

ဂိုးပေါက်ပျောက်ဆုံးနေမှုတွေကို ဟတ်ထရစ်သွင်းပြီး အဆုံးသတ်ခဲ့တဲ့ ‌ဆွန်ဟောင်မင်

စပါးအသင်းက လက်စတာအသင်းကို ၆ ဂိုး- ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဆွန်ဟောင်မင်ဟာ အသင်းအတွက် ဟတ်ထရစ်ဂိုးကို သွင်းယူသွားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲတွေမှာ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တဲ့ ဆွန်ဟောင်မင်ဟာ ဒီပွဲမှာတော့ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့တာပါ။နည်းပြကွန်တီဟာ ဆွန်ဟောင်မင်ကို ပွဲချိန် ၅၉ မိနစ်မှ လူစားထည့်သွင်းခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ လူစားဝင်လာပြီးအချိန်မှာ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး ၇၃ မိနစ်၊ ၈၄ မိနစ်နဲ့ ၈၆ မိနစ်တွေမှာ စပါးအတွက် ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လူစားဝင်ပြီး ဟတ်ထရစ်သွင်းတဲ့ စပါးအသင်းရဲ့ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ဒီရာသီ ကျွန်တော့်ရဲ့အဆုံးသတ်အပိုင်း ညံဖျင်းခဲ့သလို အနည်းငယ်လည်း ကံမကောင်းခဲ့ပါဘူး။ကျွန်တော်တကယ်ကို စိတ်ပျက်မိခဲ့ပါတယ်။ဂိုးတွေသွင်းလာနိုင်မယ်ဆိုတာ သိထားတဲ့အတွက် စိုးရိမ်မှုတော့ မရှိပါဘူး”

“ကျွန်တော်ဟာ ကြိုးစားပြီး အသင်းကို အမြဲတမ်းကူညီချင်ပါတယ်။အလွန်ကောင်းမွန်တဲ့ ပရိသတ်တွေနဲ့ ဝန်ထမ်းတွေဟာ ကျွန်တော့်အနောက်မှာ အမြဲတမ်းရှိနေပါတယ်။ဒါက ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေမှာ ကျွန်တော့်ကို အမြဲယုံကြည်စေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ