Premier League

ဆာလက်နဲ့ ဒီဘရိုင်းကို ချယ်လ်ဆီးထွက်ခွာခွင့်ပေးခဲ့တဲ့ အကြောင်းကို ဖွင့်ဟခဲ့တဲ့ မော်ရင်ဟို

မော်ရင်ဟိုက ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်စူပါစတားတွေဖြစ်တဲ့ ဆာလက်နဲ့ ဒီဘရိုင်းကို ထွက်ခွာခွင့်ပေးခဲ့တဲ့ အကြောင်းကို ပြောလိုက်ပြီး သူတို့နှစ်ဦးဟာ အခွင့်အရေးကို မစောင့်ဆိုင်းနိုင်ခဲ့တဲ့ ကလေးတွေဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ အသင်းကို ၂၀၀၅ ၊၂၀၀၆ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ပရီးမီးယားလိဂ်ဖလားရယူပေးနိုင်ခဲ့ပြီး သူဟာ ဒီဘရိုင်းကို ဝုလ်ဖ်ဘတ်နဲ့ ဆာလက်ကို ရိုးမားအသင်းထံ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့သူဖြစ်ခဲ့တာပါ။သူတို့၂ ဦးဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာပြီးနောက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် ခြေစွမ်းပြသနေတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဆာလက်နဲ့ ဒီဘရိုင်းကို ထွက်ခွာခွင့်ပေးခဲ့တဲ့ ချယ်လ်ဆီးနဲ့ မော်ရင်ဟိုကို ဝေဖန်မှုတွေပြုလုပ်ခဲ့တာပါ။ဒီဘရိုင်းဟာ မန်စီးတီးအသင်းကို ဆုဖလားအားလုံးရယူပေးနိုင်ခဲ့သလို ဆာလက်ကလည်း လီဗာပူးလ်အသင်းကို ဆုဖလားတွေအားလုံးရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုက “ရိုးရိုးသားသားပြောရရင် သူတို့ဟာ ထွက်ချင်တာကြောင့် ထွက်ခွာခဲ့တာပါ။သူတို့ဟာ မစောင့်ဆိုင်းချင်တာကြောင့် ထွက်ခွာခဲ့တာဖြစ်ပါတယ်။တစ်ခါတစ်ရံမှာ ကလေးတွေအနေနဲ့ မစောင့်ဆိုင်းနိုင်တာကြောင့် ဒါမှမဟုတ် စိတ်အေးအေးထားပြီး စောင့်ပြီး စိတ်မရှည်တာတွေကြောင့်လည်း ဒီလိုဆုံးဖြတ်ချက်တွေချတက်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ