Premier League

ယူနိုက်တက်ကို ဝေဖန်တဲ့ ဗန်ဒိုက်ကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တဲ့ ရွိုင်ကိန်း

လီဗာပူးလ်နဲ့ ယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေကျတဲ့ပွဲမှာ လီဗာပူးလ်အသင်းကသာ အနိုင်ရယူဖို့ ကြိုးစားတဲ့တစ်သင်းတည်းသောအသင်းဖြစ်တယ်လို့ ပြောခဲ့တဲ့ ဗန်ဒိုက်ကို ယူနိုက်တက်ဂန္ထဝင် ဗန်ဒိုက်က ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီး ဂိုးပေါက်ကန်သွင်းမှု ၃၄ ကြိမ်အထိ ရှိခဲ့ပေမယ့် ယူနိုက်တက်အသင်းရဲ့ခံစစ်နဲ့ ဂိုးသမား အိုနာနာကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိတာပါ။အဲ့ဒါကြောင့် ဗန်ဒိုက်က ယူနိုက်တက်အသင်းက ဒီရလဒ်ကြောင့် ပျော်နေပြီး သူတို့က စိတ်ပျက်နေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ရွိုင်ကိန်းက “သူဟာ ယူနိုက်တက်ကို လေးစားမှုမရှိဘဲ စိတ်ကြီးဝင်နေတဲ့ စကားတွေပြောခဲ့ပါတယ်။သူဟာ နှစ်ပေါင်း ၃၀ အကြာမှ ပရီးမီးယားလိဂ်ဖလားကို ရခဲ့တဲ့အသင်းမှာကစားနေတယ်ဆိုတာ သတိရဖို့ လိုပါတယ်။အန်ဖီးလ်ကွင်းက ခက်ခဲတဲ့နေရာဖြစ်တဲ့အတွက် သရေကျလို့ ပျော်ရွှင်နေကြတာပါ”

“လီဗာပူးလ်က ဒီပွဲမှာ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် မရယူနိုင်ခဲ့တာပါ။ဒါက သူတို့ရဲ့အမှားတွေပါပဲ”လို့ ဆိုခဲ့ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီရလဒ်ကြောင့် ဒီရာသီအန်ဖီးလ်မှာ ပွဲတိုင်းအနိုင်ရတဲ့ စံချိန်တွေရပ်တန့်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းအတွက်လည်း ဒီပွဲဟာ ဒီရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ပထမဆုံးသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ