Premier League

ယူနိုက်တက်ကို ၇ ဂိုး- ဂိုးမရှိနဲ့ ထပ်ပြီးအနိုင်ရယူနိုင်ဖို့ မျှော်လင့်နေတဲ့ ဂတ်ပို

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဂတ်ပိုက ဒီနေ့ကစားမယ့် ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ မနှစ်ကလိုမျိုး ၇ ဂိုး- ဂိုးမရှိနဲ့ ထပ်ပြီးအနိုင်ရယူနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အန်ဖီးလ်မှာတွေ့ဆုံခဲ့တဲ့ပွဲမှာ ဂတ်ပိုဟာ လီဗာပူးလ်အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ ရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရတဲ့အတွက် လီဗာပူးလ်အသင်းဟာ ဒီလိုရလဒ်မျိုးထပ်ပြီးရယူနိုင်ဖို့ ဂတ်ပိုက မျှော်လင့်နေတာဖြစ်ပါတယ်။

ဂတ်ပိုက “ဒီပွဲက အလွန်ကောင်းမွန်တဲ့ပွဲပါ။ဒုတိယပိုင်းမှာ ကျနော်တို့ ပွဲကိုကြီးစိုးနိုင်ခဲ့ပြီး သွင်းဂိုးအများအပြားကို သွင်းယူနိုင်ခဲ့ပါတယ်။ပထမပိုင်းအပြီးမှာ သွင်းဂိုးကို မြန်မြန်ဆန်ဆန်ရယူနိုင်ခဲ့တာက ပွဲကိုအဆုံးအဖြတ်ဖြစ်ခဲ့တာဖြစ်ပြီး ကျနော်တို့အတွက် ကောင်းပါတယ်။ဒီနေ့မှာ ကျနော်တို့ ထပ်ပြီးလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း”ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နိုင်ဖို့အတွက် ယူနိုက်တက်အသင်းကို အနိုင်ရယူဖို့ ပစ်မှတ်ထားနေတာပါ။ယူနိုက်တက်အသင်းကတော့ ရလဒ်ဆိုးနေတဲ့အပြင် အဓိက ကစားသမားတွေရဲ့ဒဏ်ရာကြောင့် ဒီပွဲမှာ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ