Premier League

မန်စီးတီးနဲ့ သရေကျတဲ့ပွဲမှာ ဂွာဒီယိုလာရဲ့မျက်နှာကိုကြည့်ပြီး ရယ်မောနေခဲ့တဲ့ ရွိုင်းဟော့ဒ်ဆန်

ပဲလေ့စ်အသင်းနည်းပြ ရွိုင်းဟောဒ့်ဆန်ဟာ မန်စီးတီးအသင်းနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းဘက်က ချေပဂိုးသွင်းယူပြီးနောက် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့မျက်နှာကို ကြည့်ပြီး ရယ်မောနေခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းဟာ ဂရီလစ်ရှ်၊ ရီကိုလူးဝစ်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် မာတီတာနဲ့ အိုလီဆီတို့က ပဲလေ့စ်အသင်းအတွက် နောက်ကျချေပဂိုးတွေသွင်းယူခဲ့လို့ ၂ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့တာပါ။မန်စီးတီးအသင်းအတွက်တော့ ပဲလေ့စ်အသင်းနဲ့ သရေကျတာဟာ အိမ်ကွင်း ၃ ပွဲဆက်သရေကျခဲ့တာဖြစ်ပါတယ်။

https://x.com/MenInBlazers/status/1736090213716300154?s=20

ချေပဂိုးသွင်းယူအပြီးမှာ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဖြစ်ပျက်နေတဲ့ပုံစံကို ကြည့်ပြီး ရွိုင်းဟော့ဒ်ဆန်ရယ်မောနေတာကို ရုပ်သံတွေက အမိအရမှတ်တမ်းတင်နိုင်ခဲ့တာပါ။ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဒီအပြုအမူကို တုံ့ပြန်ခဲ့ကြပြီး ရွိုင်းဟော့ဒ်ဆန်ရဲ့တုံ့ပြန်မှုဟာ အဖိုးမဖြတ်နိုင်ဘူးလို့ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီရလဒ်ကြောင့် ထိပ်ဆုံးနေရာက လီဗာပူးလ်အသင်းထက် ၁ ပွဲပိုကစားထားပြီး ရမှတ် ၃ မှတ်လျော့နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာပါ။ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပေမယ့် တန်းဆင်းဇုန်အပြင်ဘက်မှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ