Premier League

နောက်ဆုံး ၄ ပွဲဆက်တိုက်ပေးဂိုးမရှိ နိုင်ပွဲရယူနိုင်ခဲ့တဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေအသင်းကို အဝေးကွင်းမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။အဲဗာတန်အတွက်ဂိုးတွေကို မိုက်ကယ်ကိန်းနဲ့ အိုနာနာတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့လို့ ၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်ပိုင်း အဲဗာတန်အသင်းရဲ့စွမ်းဆောင်ရည်ဟာ အလွန်ကောင်းမွန်ခဲ့တာဖြစ်ပြီး ဘန်လေအသင်းနဲ့ပွဲအပါအဝင် နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့တာပါ။အဲဗာတန်အသင်းဟာ ဒီ ၄ ပွဲစလုံးကို ပေးဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ဒါဟာ အဲဗာတန်အသင်းအတွက်တော့ ၂၀၀၂ နောက်ပိုင်း ပထမဆုံးအကြိမ်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။အဲဗာတန်အသင်းဟာ ဒီနိုင်ပွဲတွေကြောင့် အဆင့် ၁၆ အထိတက်လှမ်းနိုင်ခဲ့ပြီး ဘဏ္ဍာရေးချိုးဖောက်မှုအယူခံအောင်မြင်ခဲ့မယ်ဆိုရင် အဆင့် ၁၀ အတွင်းဝင်ရောက်သွားနိုင်မှာပါ။

အဲဗာတန်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ