Premier League

ယူနိုက်တက်နည်းပြရာထူးဆုံးရှုံးမှာကို မစိုးရိမ်ဘူးလို့ ပြောခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က သူ့ရဲ့နည်းပြရာထူးဆုံးရှုံးရမှာကို မစိုးရိမ်ဘူးလို့ လီဗာပူးလ်အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့နှစ်က လီဗာပူးလ်အသင်းကို ၇ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အန်ဖီးလ်ကွင်းကို ပြန်ပြီးသွားရောက်ရတော့မှာပါ။ဒီအချိန်မှာ ယူနိုက်တက်အသင်းဟာ နောက်ဆုံး ၂ ပွဲဆက်အရေးနိမ့်မှုနဲ့အတူ နည်းပြအဲရစ်တန်ဟတ်ရဲ့ရာထူးကလည်း စိုးရိမ်စရာတွေရှိလာခဲ့တာဖြစ်ပါတယ်။အဲရစ်တန်ဟတ်ကတော့ သူဟာ အသင်းရဲ့ထောက်ခံမှုကို ရရှိထားတယ်လို့ အခိုင်အမာပြောခဲ့တာပါ။

အဲရစ်တန်ဟတ်က “ကျနော်ဟာ ထောက်ခံမှုကို ရရှိထားတယ်လို့ ခံစားရပြီး သူတို့က အဆင်ပြေတယ်လို့ ကျနော့်ကို ပြောထားပါတယ်။ကျနော်ဟာ လုပ်ငန်းစဉ်အပေါ်မှာ အာရုံစိုက်နေပါတယ်။ကျနော်ဟာ မှန်ကန်တဲ့အရာအပေါ် အာရုံစိုက်နေပြီး ဒါက အသင်းအတွက်ပါပဲ”

“နိုင်ပွဲရယူနိုင်ဖို့ ဒီကိုရောက်နေတဲ့အတွက် ကျနော်ဟာ စိုးရိမ်စရာမရှိပါဘူး။အသင်းကို ပိုပြီးကောင်းမွန်အောင် ပြုလုပ်ရမှာပါ။ကျနော်စိုးရိမ်မှုမရှိဘဲ အသင်းနဲ့အတူ နိုင်ပွဲရယူချင်ပါတယ်။ကျနော်ဟာ အသင်းနဲ့အတူ လမ်းကြောင်းမှန်ပေါ်ကို ရောက်ချင်ပြီး ကျနော့်မှာ ပရောဂျက်ရှိပါတယ်။ပြီးခဲ့တဲရာသီက ကျနော်တို့ လမ်းကြောင်းမှန်ပေါ်ရောက်ရှိခဲ့ပါတယ်”

“မန်ယူနိုက်တက်ရဲ့အနာဂတ်က အလွန်ကောင်းတယ်လို့ ထင်ပါတယ်။ဒဏ်ရာရနေတဲ့ ကစားသမားတွေပြန်ကောင်းမွန်လာတဲ့ အချိန်မှာ အသင်းဟာ ပိုပြီးကောင်းလာမယ်ဆိုတာ သေချာတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ ပွဲမှာ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပွဲပယ်ကြောင့် ပါဝင်နိုင်မှာမဟုတ်သလို နောက်ခံလူ မက်ဂွဲယားဟာ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ