Premier League

၂ ပွဲဆက်အနိုင်၊ ၂ ပွဲဆက်ရစ်ချာလီဆင်ဂိုးသွင်းပြီး ပုံစံကောင်းပြန်ရနေတဲ့ စပါး

စပါးအသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ စပါးအသင်းအတွက်ဂိုးတွေကို ရစ်ချာလီဆင်နဲ့ ကူလူဆက်ဗ်စကီးတို့က သွင်းယူခဲ့တာဖြစ်ပြီး ပွဲချိန်မိနစ် ၇၀ မှာ ဘစ်ဆိုးမား တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရလို့ စပါးအသင်းအနည်းငယ်ရုန်းကန်ခဲ့ရသေးတာပါ။ဘစ်ဆိုးမားရဲ့အနီကတ်ဟာ စပါးအသင်းဒီရာသီမှာ ပြသခံခဲ့ရတဲ့ ၄ ကတ်မြောက်အနီကတ်လည်းဖြစ်ပါတယ်။

ရစ်ချာလီဆင်ဟာ ၂၀၂၂ ခုနှစ်အောက်တိုဘာနောက်ပိုင်း ပထမဆုံးအကြိမ် ၂ ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အကောင်းဆုံးပုံစံကို ပြန်လည်ရယူနိုင်ခဲ့တာပါ။နယူးကာဆယ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ပွဲမတိုင်ခင် နောက်ဆုံး ၅ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ စပါးအသင်းဟာ လက်ရှိအချိန်မှာ ၂ ပွဲဆက်နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Soccer Football – Premier League – Nottingham Forest v Tottenham Hotspur – The City Ground, Nottingham, Britain – December 15, 2023 Nottingham Forest’s Harry Toffolo in action with Tottenham Hotspur’s Destiny Udogie and Guglielmo Vicario REUTERS/Phil Noble

စပါးအသင်းဟာ ဒီနိုင်ပွဲကြောင့် အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ရမှတ်တူ ၃၃ မှတ်နဲ့အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေတာပါ။စပါးအသင်းဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ