Premier League

အဲဗာတန်နဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်တဲ့ ဒယ်လီအလီ

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဒယ်လီအလီဟာ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်တာကြောင့် အဲဗာတန်အသင်းအတွက် ၁ နှစ်အကြာမှ ပထမဆုံးပွဲစဉ်အဖြစ် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်မှာ စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဒယ်လီအလီဟာ အဲဗာတန်အသင်းအတွက် ၁၃ ပွဲသာပါဝင်ကစားထားတာပါ။ဒယ်လီအလီဟာ ပြီးခဲ့တဲ့နွေရာသီက ဘက်ဆီးတပ်စ်အသင်းထံ အငှားနဲ့ သွားရောက်ကစားခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး။

အခုနွေရာသီမှာ အဲဗာတန်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒယ်လီအလီဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး အခုမှ အသင်းနဲ့အတူ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နိုင်ခဲ့တာပါ။အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်က ဒယ်လီအလီဟာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပြီလို့ ပြောထားခဲ့ပါတယ်။

ဒယ်လီအလီနဲ့ အဲဗာတန်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်လို့ အကောင်းဆုံးခြေစွမ်းတွေပြသနိုင်မှသာ အဲဗာတန်အသင်းရဲ့စာချုပ်သက်တမ်းတိုးခြင်းကို ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ