Premier League

ထင်ရာမြင်ရာတွေပြောပြောနေတဲ့ ချဲလ်ဆီးပိုင်ရှင်ကို ကလော့ပ် လှလှပပတုံ့ပြန်လာ

လီဗာပူးနည်းပြ ကလော့ပ်က ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေရဲ့ အကြံဥာဏ်တွေနဲ့ ပတ်သက်လို့ နောက်ပြောင် တုံ့ပြန်လာပါတယ်။ တော့ဒ်ဘိုလေက MLB ပြိုင်ပွဲလိုမျိုး ပရီးမီးယားလိဂ်မှာ အင်္ဂလန်တောင်ပိုင်းနဲ့ မြောက်ပိုင်း ကြယ်စင်စုနှစ်သင်း ကစားဖို့၊ သုံးသင်းတန်းဆင်းသွားတာထက် လေးသင်းပတ်လည်ကစားစေပြီးမှ ဆုံးဖြတ်ဖို့ ပြောကြားခဲ့တာပါ။

ဒါပေမယ့် ဘောလုံးအသင်းတွေရဲ့ ပွဲစဥ်ဇယားအရ ဒီလိုမျိုး ပွဲတွေထပ်မံထွက်ပေါ်လာတာက အဆင်ပြေတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ ကလော့ပ်ကလည်း “တော့ဒ်ဘိုလေတယောက် မစောင့်နိုင်တော့ဘူးလား။ ကောင်းပါတယ်။ သူ အဲ့ဒီအတွက် ရက်ချိန်းရပြီဆိုရင် ကျနော့်ကို ခေါ်နိုင်ပါတယ်”

“အမေရိကရဲ့ ကြီးမားတဲ့ အားကစားတခုမှာ (၄) လလောက် နားချိန်ရှိတာကို သူမေ့နေပါတယ်။ သူတို့က အဲ့ဒီလို အားနေတဲ့ကြားထဲမှာ ပွဲကစားရတာကို အတော်လေးပျော်မှာပါ။ ဘောလုံးမှာတော့ တော်တော်လေး ကွဲပြားခြားနားပါတယ်”

“ကျနော် ဘာပြောနိုင်မှာလဲ။ အဲ့ဒီက အသင်းတွေကို သူခေါ်လာပြီး ဘောလုံးအသင်းတွေနဲ့ ကစားခိုင်းမှာလား။ ခင်ဗျားတို့ မေးခွန်းအတွက်လည်း ကျနော်အံ့အားသင့်ပါတယ်။ ဒီတော့ ကျနော့်အဖြေကိုလည်း အတည်ပေါက်ကြီး မထင်ကြပါနဲ့”

“တကယ်လို့ တော့ဒ်ဘိုလေက ဒီကိစ္စကို ရှင်းပြချင်တယ်ဆိုရင် ကျနော်နဲ့ ချိန်းပြီး ပြောဆိုကြတာပေါ့။ ပရိသတ်တွေကလည်း ဒါကိုမြင်ချင်မယ်မထင်ပါဘူး။ ယူနိုက်တက်၊ လီဗာပူး၊ အဲဗာတန်တို့က ကစားသမားတွေ တသင်းတည်းကစားနေမှာကိုပေါ့”

“ဒါက နိုင်ငံပွဲမဟုတ်ပါဘူး။ တောင်ပိုင်းနဲ့မြောက်ပိုင်းပွဲ ဟုတ်တယ်မဟုတ်လား။ နောက်ပြီး အာဆင်နယ်၊ စပါး ကစားသမားတွေက တသင်းတည်း ကစားရမယ်တဲ့လား။ သူ အဲ့ဒီလိုကြီးတကယ်ပြောခဲ့တာလား။ ကောင်းပါတယ်ဗျာ” လို့ အရွဲ့တိုက် ပြောကြားသွားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ