Premier League

စပါးနဲ့ ဘရန်ဖိုဒ့်ကို ငြင်းပြီး ယူနိုက်တက်ကို လာခဲ့ရတဲ့ အကြောင်းရင်း အဲရစ်ဆန်ပြော

အဲရစ်ဆန်က စပါးနဲ့ ဘရန်ဖိုဒ့်ရဲ့ကမ်းလှမ်းမှုကို ပယ်ချပြီး ယူနိုက်တက်ကို ပြောင်းခဲ့ရတဲ့ အကြာင်းရင်းကို ပြောလိုက်ပါတယ်။

အဲရစ်ဆန်ဟာ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် ယူနိုက်တက်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။အဲရစ်ဆန်ဟာ ယူရိုပြိုင်ပွဲမှာ နှလုံးရောဂါကြောင့် ကွင်းထဲလဲကျပြီးနောက် ICD စက်တပ်ဆင်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့် အင်တာမီလန်အသင်းက သူ့ကို စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။အသင်းလက်မဲ့ဖြစ်နေတဲ့ အဲရစ်ဆန်ကို ဘရန်ဖို့ဒ်အသင်းက ကာလတိုစာချုပ်နဲ့ ခေါ်ယူခဲ့တာပါ။အဲရစ်ဆန်ဟာ ဘရန်ဖိုဒ့်အသင်းမှာ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဘရန်ဖိုဒ့်အသင်းက သူ့ကို စာချုပ်သက်တမ်းတိုးချင်ပြီး စပါးအသင်းက သူ့ကို အလိုရှိခဲ့တာပါ။ဒါပေမယ့် အဲရစ်ဆန်က ကမ္ဘာပေါ်မှာ အကြီးမားဆုံးကလပ်တစ်သင်းကို ပြောင်းဖို့ ရွေးချယ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အဲရစ်ဆန်က “ဒါဟာ ကမ္ဘာ့အကြီးမားဆုံးကလပ်အသင်းတွေထဲက တစ်သင်းပါ။ဒါဟာ အစောပိုင်းက အဖြစ်အပျက်အပြီးမှာ ရွေးနုတ်ခြင်းဖြစ်ပြီး ယူနိုက်တက်ဆီက ကမ်းလှမ်းမှုတစ်ခုကို ရနိုင်တယ်ဆိုတာ သက်သေပြသနေသလိုပါပဲ”

By

“ကျွန်တော့်မှာ ရွေးချယ်စရာတွေအများကြီးရှိပေမယ့် မှန်ကန်တဲ့ တစ်ခုကိုသာ ရှာဖွေဖို့ ဖြစ်ပါတယ်။ကျွန်တော်အိမ်မက်မက်ပြီး မျှော်လင့်ထားတဲ့အတိုင်း တက်လှမ်းခွင့်ရခဲ့ပါတယ်။ဒီထက်ပိုကြီးမားတဲ့ ကလပ်ကို လာတာနဲ့အတူ ကျွန်တော့်ကစားသမားဘဝကို စတင်ခြင်ပြီး အောင်မြင်ခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

အဲရစ်ဆန်ဟာ ယူနိုက်တက်မှာ ခြေစွမ်းပြသနေပြီး အာဆင်နယ်ကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးဖန်တီးခဲ့ကာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ