Premier League

ချယ်လ်ဆီးအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ကြွက်ကလေးကန်တီ

ကန်တီကတော့ ချယ်လ်ဆီးအသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ကန်တီနဲ့ ချယ်လ်ဆီးအသင်းတို့ ချုပ်ဆိုထား‌တဲ့ စာချုပ်ဟာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာပါ။နည်းပြဟောင်း တူချယ်လ်ဟာ အသင်းက မထွက်ခွာခင်အချိန်က ကန်တီရဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောခဲ့တာဖြစ်ပါတယ်။

ကစားသမားရဲ့ဒဏ်ရာတွေကြောင့် စာချုပ်သက်တမ်းတိုးရာမှာ အပေးအယူလုပ်ရမယ်ဆိုပြီး ပြောထားတာရှိတာပါ။ကန်တီဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဒဏ်ရာတွေကြောင့် ပွဲကစားခွင့်အနည်းငယ်သာရှိခဲ့ပေမယ့် ကလပ်ရဲ့လစာအများဆုံးကစားသမားအဖြစ် ဆက်ရှိခဲ့ပါတယ်။

ကန်တီဟာ ချယ်လ်ဆီးမှာ ဆက်နေချင်ပေမယ့် လန်ဒန်ကလပ်က ကနဦး ၂ နှစ်စာချုပ်၊ နောက်ထပ် ၁၂ လ ရွေးချယ်ခွင့်နဲ့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ ကူလီဘာလီနဲ့ အသက်အရွယ်တူညီနေတဲ့ ကူလီဘာလီကို ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။

တိုက်စစ်မှူး အူဘာမီယန်းကိုလည်း ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ဝာာဖြစ်ပါတယ်။ကန်တီကတော့ ကာလကြာရှည်သက်တမ်းတိုးဖို့ မျှော်လင့်နေတာကြောင့် အခု ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကန်တီဟာ ဇန်နဝါရီ ၁ ရက်မှာ တခြားအသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးမှုတွေ ပြုလုပ်လို့ရမှာ ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ၂ သင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ကန်တီဟာ ပြည်ပကလပ်အသင်းတွေနဲ့ အဆိုပါကာလမှာ အကြိုစာချုပ်ပါချုပ်လို့ရတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ