Premier League

အဲရစ်တန်ဟတ်နေရာမှာ လိုပက်တီဂီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက် စပိန်၊ရီးရယ်လ်နဲ့ ဝုလ်ဗ်စ်အသင်းနည်းပြဟောင်း လိုပက်တီဂီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရတာအပါအဝင် ဒီရာသီမှာ ရလဒ်ပိုင်းတွေမတည်မငြိမ်ဖြစ်နေတာကြောင့် နည်းပြ အဲရစ်တန်ဟတ်ရဲ့အနာဂတ်ကို စဉ်းစားနေပြီဖြစ်တာပါ။ဒီအချိန်မှာ ကလပ်လက်မဲ့ဖြစ်နေတဲ့ လိုပက်တီဂီနဲ့ ယူနိုက်တက်အသင်းတို့ရဲ့သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

လိုပက်တီဂီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေကို ကိုင်တွယ်ချင်နေတာကြောင့် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းရဲ့ကြီးမားတဲ့ ကမ်းလှမ်းမှုကိုတောင် ပယ်ချခဲ့တာပါ။ဗြိတိန်မီဒီယာတွေကတော့ ဒီသတင်းတွေကို ဖော်ပြထားခြင်းမရှိပေမယ့် စပိန်လူမျိုးနည်းပြက သူ့ကို ယူနိုက်တက်အသင်းက ကမ်းလှမ်းခဲ့မယ်ဆိုရင် လက်ခံဖို့ ရှိနေတာဖြစ်ပါတယ်။

နောက်ဆုံး ၂ ပွဲဆက်အရေးနိမ့်ထားတဲ့ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ထပ်မံအရေးနိမ့်ခဲ့မယ်ဆိုရင် အဲရစ်တန်ဟတ်ရဲ့အနာဂတ်ဟာ ပိုပြီးလှုပ်ခတ်လာတော့မှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ