Premier League

ဗီလာနဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တော်မီနေးကို ချီးကျူးခဲ့တဲ့ အဲရစ်တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးကို ချီးကျူးမှုပြုလုပ်သွားခဲ့ပါတယ်။

တော်မီနေးဟာ ဗီလာနဲ့ ယူနိုက်တက်အသင်းတို့ ၁ ဂိုးစီသရေကျနေတဲ့အချိန် ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲဝင်ရောက်လာခဲ့ပြီး ပွဲချိန် ၈၆ မိနစ်မှာ ဒါလော့ရဲ့ဖြတ်တင်ဘောကို ခေါင်းတိုက်ပြီးအဆုံးသတ်ပေးခဲ့တာပါ။ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေ ပိုပြီးရှင်သန်လာခဲ့တာဖြစ်ပါတယ်။

တော်မီနေးဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်နေရပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူထားပြီး ယူနိုက်တက်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဦးဆောင်နေတာပါ။အဲ့ဒါကြောင့် အဲရစ်တန်ဟတ်က တော်မီနေးကို ဗီလာအသင်းနဲ့ပွဲအပြီးမှာ ချီးကျူးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟတ်က “အရန်ခုံကနေ ဝင်လာပြီးအသင်းအတွက် အကျိုးပြုနိုင်တဲ့ ကစားသမားအများအပြားမရှိပါဘူး။ တော်မီနေးဟာ အခြားကစားသမားတွေအတွက် စံနမူနာဖြစ်ပြီး အမြဲတမ်းမှန်ကန်တဲ့အရာတွေကိုလုပ်ပါတယ်။သူဟာ ၁ မိနစ်ပဲဖြစ်ဖြစ် မိနစ် ၉၀ ပဲဖြစ်ဖြစ် အမြဲတမ်းအဆင်သင့်ဖြစ်နေပါတယ်။ဒီလိုကစားသမားမျိုးရှိတာ အလွန်ကောင်းပါတယ်”လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အဆင့် ၄ နေရာမှာရှိနေတဲ့ စပါးအသင်းနဲ့ ၆ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ