Premier League

ပက်ဒါဆန်ရဲ့လည်ပင်းကို ဖမ်းဆုပ်ခဲ့ပေမယ့် FA ရဲ့အရေးယူမှုကနေ လွတ်မြောက်ခဲ့တဲ့ ဂျက်ဆန်

ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်ဟာ အဲဗာတန်ကစားသမား ပက်ဒါဆန်ရဲ့လည်ပင်းကို ဖမ်းဆုပ်ခဲ့ပေမယ့် FA ရဲ့အရေးယူမှုကနေလွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

အဲဗာတန်အသင်းက ချယ်လ်ဆီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ဒီပွဲမှာဖြစ်ပျက်ခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ဂျက်ဆန်ဟာ ပက်ဒါဆန်ရဲ့လည်ပင်းကို ဖမ်းဆုပ်ခဲ့တာပါ။ဂျက်ဆန်အနေနဲ့ ဒီဖြစ်ရပ်ကြောင့် အရေးယူခံရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အရေးယူခံရမှုကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဂျက်ဆန်ဟာ ဒီပွဲစဉ်မှာ အသင်းရဲ့ချယ်လ်ဆီးအသင်းလူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဘရိုဂျာနေရာလူစားလဲဝင်ရောက်လာခဲ့တာပါ။ဂျက်ဆန်ဟာ ဒီပွဲမှာ အဆုံးသတ်ပိုင်းအားနည်းခဲ့တာကြောင့် ချယ်လ်ဆီးအသင်းဟာ ပြန်လာနိုင်ခဲ့ခြင်းမရှိဘဲ နိုင်ပွဲနဲ့ ​ဝေးကွာခဲ့တာဖြစ်ပါတယ်။

နွေရာသီက ဗီလာရီးရယ်လ်ကနေ ရောက်ရှိလာခဲ့တဲ့ ဂျက်ဆန်ဟာ စပါးအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကလွဲပြီး ကျန်ပွဲတွေမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး ချယ်လ်ဆီးအသင်းအတွက် ပါဝင်ကစားထားတဲ့ ၁၈ ပွဲမှာ ၇ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ