Premier League

အာဆင်နယ်ကို ထပ်ပြီးယုံကြည်ပါတယ်လို့ ပြောလာတဲ့ အွန်နရီ

အွန်နရီကတော့ အာတီတာလက်အောက်မှာ အာဆင်နယ်အသင်းကို ထပ်မံယုံကြည်ကြောင်းပြောလိုက်ပါတယ်။ဒါပေမယ့် သူတို့ရဲ့အင်အားကိုတော့ စိုးရိမ်မှုရှိတယ်လို့ အွန်နရီက ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီအစပိုင်းမှာ တာထွက်ကောင်းနေပြီး ၆ ပွဲကစားထားရာမှာ ၅ ပွဲအနိုင်ရထားပြီး ယူနိုက်တက်အသင်းကိုသာ အရေးနိမ့်ကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အွန်နရီက “အဲ့ဒီမှာ အသင်းအဖွဲ့လို စည်းစည်းလုံးလုံးရှိနေတာကို တွေ့ရပြီး ဒါကို သဘောကျပါတယ်။အသင်းဟာ ကွဲပြားခြားနားပါတယ်။ဒါပေမယ့် ဂျီးဆပ်စ်၊ဆာကာ၊ ဆလီဘာ၊ အိုဒီဂတ်တို့လို သူမျိုးတွေရှိပါတယ်”

“ကျွန်တော်သူတို့ကို ယုံပါတယ်။ဒီလိုမျိုးမယုံတာကြာနေပါပြီ။တစ်ခုခုလုပ်နိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ဒါပေမယ့် အသင်းရဲ့အင်အားကြောင့် ယူရိုပါလိဂ်အတွက် စိုးရိမ်ပါတယ်။ပွဲထွက်လူစာရင်းက လုံလောက်တယ်လို့ထင်ပါတယ်”

“ဒါပေမယ့် ရာသီကရှည်လျားတာကြောင့် သူတို့အတွက် အနည်းငယ်တော့ ဖြစ်နိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ ဒီနေ့မှာ ဇူးရစ်နဲ့ ယူရိုပါလိဂ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ