Premier League

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူထားသူများ

၂၀၂၃-၂၄ ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူထားတဲ့သူ စုစုပေါင်းက ၁၀ ဦးအထိရှိလာပြီဖြစ်ပါတယ်။နောက်ဆုံးဟက်ထရစ်ဂိုးသွင်းယူထားတဲ့ ကစားသမားကတော့ မနေ့က ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ဝုလ်ဗ်စ်အသင်းအတွက် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ကွန်ညာဖြစ်ပါတယ်။

ကွန်ညာမတိုင်ခင် ဟက်ထရစ်ဂိုးသွင်းယူထားတဲ့ ကစားသမား ၉ ဦးက ဘယ်သူတွေလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ပထမဆုံးကစားသမားကတော့ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဖြစ်ပြီး စပါးအသင်းက ဘန်လေအသင်းကို ၅ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။နောက်တစ်ဦးကတော့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းပါ။ဟာလန်းဟာ မန်စီးတီးအသင်းက ဖူလ်ဟမ်အသင်းကို ၅ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Soccer Football – Premier League – Manchester City v Fulham – Etihad Stadium, Manchester, Britain – September 2, 2023 Manchester City’s Erling Braut Haaland celebrates with the match ball after the match Action Images via Reuters/Jason Cairnduff

နောက်တစ်ဦးက ဘရိုက်တန်အသင်းတိုက်စစ်မှူး အီဗန်ဖာဂူဆန်ဖြစ်ပြီး အီဗန်ဖာဂူဆန်ဟာ နယူးကာဆယ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲပွဲမှာ သွင်းယူခဲ့တာပါ။နောက်ထပ်တစ်ဦးက အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ်ဖြစ်ပြီး ဝက်ကင်စ်ဟာ ဘရိုက်တန်အသင်းကို ၆ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်တစ်ဦးက အာဆင်နယ်အသင်းတိုက်စစ်မှူး အန်ကီတီယာဖြစ်ပြီး ရှက်ဖီးယူနိုက်တက်အသင်းကို ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာပါ။နောက်ထပ်တစ်ဦးက ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်ဖြစ်ပြီး စပါးအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။နောက်ထပ်ကစားသမားကတော့ ဘုန်းမောက်အသင်းတိုက်စစ်မှူး ဆိုလန်ကီဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

နောက်တစ်ဦးက ဘောက်ဆင်ဒေးပွဲစဉ်ဖြစ်တဲ့ နယူးကာဆယ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ နော်တင်ဟမ်ဖောရက်စ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တဲ့ ခရစ်ဝုဒ်ဖြစ်ပါတယ်။ကွန်ညာမတိုင်ခင် နောက်ဆုံးတစ်ဦးက လူတန်အသင်းတိုက်စစ်မှူး အဒီဘာယိုဖြစ်ပြီး ဘရိုက်တန်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ သွင်းယူခဲ့တာပါ။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးဖို့အတွက် နောက်ထပ် ၁၅ ပွဲကစားဖို့ ကျန်ရှိနေသေးတာကြောင့် နောက်ထပ်ဘယ်ကစားသမားတွေက ဟက်ထရစ်ထပ်ပြီးရယူသွားနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ