Premier League

ယူနိုက်တက်အတွက် စပါးနဲ့ ပွဲစဉ်ပါဝင်ကစားပေးပြီးမှ အာဖရိကဖလားသွားရောက်မယ့် အိုနာနာ

ယူနိုက်တက်အသင်းနဲ့ ကင်မရွန်းအသင်းတို့ရဲ့သဘောတူညီမှုကြောင့် ဂိုးသမား အိုနာနာဟာ စပါးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းအတွက် ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အစောပိုင်းက အိုနာနာဟာ ဝီဂန်အသင်းနဲ့အက်ဖ်အေဖလားပွဲစဉ်အထိ ယူနိုက်တက်အသင်းမှာ ဆက်ပြီးရှိနေဖို့ သဘောတူညီမှုရခဲ့ပေမယ့် အခုအချိန်မှာတော့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အထိ ဆက်ပြီးရှိနေတော့မှာပါ။အိုနာနာဟာ ဒီပွဲအပြီးမှာ အိုင်ဗရီကို့စ်နိုင်ငံကို ထွက်ခွာကာ အာဖရိကဖလားအဖွင့်ပွဲကစားမယ့် ကင်မရွန်းအသင်းနဲ့ သွားရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ သူတို့ရဲ့ကစားသမားတွေကို ဇန်နဝါရီ ၁ ရက်နောက်ဆုံးထားပေးပို့ဖို့ သတ်မှတ်ထားတာပါ။ဒါပေမယ့် ယူနိုက်တက်နဲ့ ကင်မရွန်းအသင်းတို့ကတော့ အိုနာနာအတွက် နှစ်ဦးသဘောတူညီမှုရယူထားတာဖြစ်ပါတယ်။အိုနာနာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် လက်စွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် အာဖရိကဖလားသွားရောက်မယှဉ်ပြိုင်ခင်အချိန်အထိ အသင်းအတွက် အကောင်းဆုံးပေးဆပ်ချင်နေတာပါ။

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားအပြီးမှာ ၁၄ ပွဲအထိ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ