Premier League

ဒေါ့မွန်ထံ အငှားနဲ့ သွားကစားဖို့ နီးစပ်နေပြီဖြစ်တဲ့ ဆန်ချို

ယူနိုက်တက်အသင်းတောင်ပံကစားသမား ဆန်ချိုဟာ အခုအပြောင်းအရွှေ့မှာ အသင်းဟောင်း ဒေါ့မွန်အသင်းထံ ၆ လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ဟာ ဆန်ချိုရဲ့အငှားစာချုပ်အတွက် ဆွေးနွေးမှုတွေပြုလုပ်နေပြီး အပြီးသတ်နိုင်ဖို့ နီးစပ်နေတာပါ။ဆန်ချိုဟာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေဖြစ်ပြီးကတည်းက ယူနိုက်တက်လူစာရင်းကနေ ဖယ်ထားခံထားရပြီး တစ်ဦးထဲ လေ့ကျင့်မှုတွေသာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ဆန်ချိုဟာ အခုအပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်ခဲ့ပြီးသူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုရခဲ့တဲ့ ဒေါ့မွန်အသင်းထံ ပြန်ဖို့ ရွေးချယ်ခဲ့တာပါ။ဒေါ့မွန်အသင်းဟာ ဆန်ချိုကို ခေါ်ယူတဲ့ အငှားကြေးကို ယူနိုက်တက်အသင်းထံ ပေးဖို့ရှိနေပါတယ်။

ဒါပေမယ့် ဆန်ချိုရဲ့လုပ်ခလစာအများစုကို ယူနိုက်တက်အသင်းကသာ ဆက်ပြီးပေးချေရဖို့ ရှိနေတာပါ။ဆန်ချိုဟာ ဒီတစ်ပတ်ထဲမှာ ဒေါ့မွန်အသင်းနဲ့ လေ့ကျင့်မှုတွေပြန်ပြုလုပ်ချင်နေပြီး သူ့ရဲ့ကစားသမားဘဝကို အသက်သွင်းနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ