Premier League

လက်ထပ်လက်စွပ်ပြန်ရှာတွေ့ခဲ့လို့ အပျော်ကြီးပျော်နေခဲ့တဲ့ ကလောပ့်

လီဗာပူးလ်အသင်းက နယူးကာဆယ်အသင်းကို အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ နည်းပြ ကလောပ့်ဟာ သူ့ရဲ့လက်ထပ်လက်စွပ်ပျောက်သွားခဲ့လို့ စိတ်ပျက်စရာတွေနဲ့ ခဏတာကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ကင်မရာမန်းတစ်ဦးက ဒီလက်ထပ်လက်စွပ်ကို ကွင်းအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့အပြီးမှာ ကလောပ့်ဟာ စိတ်သက်သာရာရရှိခဲ့ပြီး ကင်မရာရှေ့မှာ လက်စွပ်ကို နမ်းကာ ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းကတော့ ဒီနိုင်ပွဲကြောင့် အဆင့် ၂ နေရာက ဗီလာအသင်းကို ၃ မှတ်အသာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။

ကလောပ့်က “ကျနော်အကြီးအကျယ်ထိတ်လန့်သွားခဲ့ရပါတယ်။ဒါပေမယ့် ပြန်တွေ့ခဲ့ပါပြီ။ဒီလက်စွပ်သာ ပျောက်သွားရင် တကယ်ကိုဆိုးရွားသွားပါလိမ့်မယ်။ကျနော်တစ်ခါပျောက်ခဲ့ဖူးပြီး ပင်လယ်ထဲမှာ ပျောက်ခဲ့လို့ဒါကိုပြန်ရှာဖို့ဆိုရင် ပရော်ဖက်ရှင်နယ်ဒိုင်ဗင်သမားတစ်ဦးတော့လိုပါလိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ပုံစံကောင်းတွေရရှိနေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေခဲ့တာပါ။လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာတော့ FA ဖလားပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ