Premier League

နယူးကာဆယ်ကို အနိုင်ယူပြီး ၃ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ကို ဦးဆောင်လိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒီမနက်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၃ မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆာလတ်ဟာ ဒီပွဲမှာ ပင်နယ်တီလွဲခဲ့ပေမယ့် လီဗာပူးလ်အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့သလို ကာတစ်ဂျုံးစ်နဲ့ ဂတ်ပိုတို့က ၁ ဂိုးစီသွင်းယူခဲ့တာပါ။နယူးကာဆယ်အသင်းအတွက်ဂိုးတွေကို အိုင်ဆက်နဲ့ ဘော့ဒ်မန်းတို့က သွင်းယူခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ဒုတိယနေရာက ဗီလာအသင်းကို ၃ မှတ်အသာနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဂိုးပေါက်ကန်သွင်းမှု ၃၄ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ထည့်မှု ၁၅ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် အမှားအယွင်းမခံဘဲ ပုံစံကောင်းတွေကို ဆက်ပြီးပြသနေတာပါ။

လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ်မှာတော့ FA ဖလားပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ