Premier League

ဖူလ်ဟမ်နဲ့ပွဲက စွမ်းဆောင်ရည်ကို ဒီရာသီရဲ့အဆိုးရွားဆုံးလို့ တံဆိပ်ကပ်ခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဖူလ်ဟမ်အသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲက အသင်းရဲ့စွမ်းဆောင်ရည်ဟာ ဒီရာသီမှာ အသင်းရဲ့အဆိုးရွားဆုံးစွမ်းဆောင်ရည်လို့ ပြောသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ဖူလ်ဟမ်အသင်းကို ဆာကာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဂျီမီနက်စ်နဲ့ ရိဒ်တို့ရဲ့ဂိုးတွေကြောင့် ပွဲအပြီးမှာ ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်သွားခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒီရှုံးပွဲကြောင့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့အထိ ရလဒ်တွေဆိုးလာခဲ့တာပါ။

အဲ့ဒါကြောင့်လည်း အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့ပြီး အဆင့် ၅ နေရာက စပါးအသင်းနဲ့ ၁ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။အာတီတာကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ အာဆင်နယ်အသင်းအနိုင်ရဖို့ မထိုက်တန်ခဲ့ဘူးလို့ဆိုခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ဟာ ထိပ်ဆုံးနေရာတက်လှမ်းနိုင်မယ့် အခွင့်အရေးကို မယူနိုင်ခဲ့ပါဘူး။ဒီပွဲမှာ ကျနော်တို့ဟာ လုံလောက်အောင်မကောင်းသလို အနိုင်ရဖို့လည်း မထိုက်တန်ပါဘူး။ကျနော်တို့ဟာ ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်သင့်ပါတယ်။ဘာကြောင့်လဲဆိုရင် ဒီပွဲကစားတဲ့ပုံက ဒီရာသီရဲ့အဆိုးရွားဆုံးစွမ်းဆောင်ရည်ပါ”လို့ဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Premier League

မက်ဂွိုင်းရားရဲ့ အင်္ဂလန်လက်ရွေးစင်နေရာကို ဆောက်ဂိတ် အာမခံချက်ပေး

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းရားရဲ့ လက်ရွေးစင် ပွဲထွက်ခွင့်တနေရာကို အာမခံချက်ပေးထားကြောင်း သိရှိရပါတယ်။ မက်ဂွိုင်းရားဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးသွားခဲ့ပြီး အရံခုံမှာသာ ထိုင်နေရတော့တာပါ။ ဒီကစားသမားဟာ လီဗာပူး၊ ဆောက်သမ်တန်၊ လက်စတာတို့နဲ့ သုံးပွဲဆက်တိုက်လုံး ပါဝင်ကစားခွင့်မရရှိခဲ့ပါဘူး။
Premier League

ဂိုးသမားဖြစ်ပြီး ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်လို့ မန်ဒီကို မိုယက်စ်ပေါက်ကွဲ

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းပွဲမှာ ချဲလ်ဆီးဂိုးသမား မန်ဒီ ဂိုးမပေးရအောင် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းက အန်တိုနီယိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဘင်ချီဝဲလ်ရဲ့ချေပဂိုး၊ ဟာဗက်ဇ်ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး အဝေးကွင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ပွဲပြီးခါနီးမှာ