Champion League

ရီးရယ်လ်ကို ဂိုးပြတ်တီးပြီး ရှုံးကြွေးကို အတိုးရော အရင်းပါအလုံးလိုက်ဆပ်ခဲ့တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ပွဲမှာ ရီးရယ်လ်အသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။

မန်စီးတီးအတွက်ဂိုးတွေကို ဘာနာဒိုဆေးလ်ဗားက ၂ ဂိုး၊ အကန်ဂျီနဲ့ အယ်လ်ဗားရတ်ဇ်တို့က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ပထမအကျော့က ၁ ဂိုးစီသရေကျခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး- ၁ ဂိုးနဲ့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဗိုလ်ခုပွဲတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ဒီပွဲမှာ ရီးရယ်လ်အသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါက်ကန်သွင်းမှုရော၊ ဂိုးပေါက်တည့်မှုအပိုင်းမှာပါ သာလွန်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့နှစ် ဆီမီးဖိုင်နယ်မှာ ရီးရယ်လ်အသင်းကို ရှုံးခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီး ဒီရာသီ ဆုဖလား ၃ လုံးအိပ်မက်ကို အသက်သွင်းဖို့ ဗိုလ်လုပွဲချီတက်နိုင်ခဲ့တာပါ။

ဗိုလ်လုပွဲမှာ အေစီမီလန်ကို အနိုင်ရခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။