Champion League

ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ဖို့ ဘာမှထူးထူးခြားခြားလုပ်နေစရာမလိုဘူးလို့ ဂွာဒီယိုလာပြော

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ရီးရယ်လ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ အသင်းအနေနဲ့ ဘာမှထူးထူးခြားခြားလုပ်နေစရာမလိုဘူးလို့ ပြောလိုက်ပါတယ်။

ပထမအကျော့ ဘာနေဗျူးမှာ ကစားခဲ့တုန်းက ၁ ဂိုးစီသရေကျခဲ့တာကြောင့် အီးတီဟတ်ကွင်းမှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာတော့ နှစ်သင်းစလုံးအတွက် အရေးပါပြီး အနိုင်ရတဲ့ အသင်းက ဗိုလ်လုပွဲတက်နိုင်မှာ ဖြစ်ပါတယ်။

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်မစွဲဖူးသေးပေမယ့် ဘာစီလိုနာအသင်းကို ကိုင်တွယ်ခဲ့ချိန်က ၂၀၀၉ နဲ့ ၂၀၁၁ မှာ ချန်ပီယံလိဂ်ဖလား ယူပေးနိုင်ခဲ့တာပါ။ဂွာဒီယိုလာက “ကျွန်တော် ဒီကို အကြိမ်ပေါင်းများစွာရောက်ခဲ့ဖူးပါတယ်။ကျွန်တော့်ရဲ့ အမွေအနှစ်က ထူးခြားပြီးသားပါ”

“ကစားသမားတွေကို ဒီအခိုက်အတန့်ခံစားဖို့ ပြောထားတာဖြစ်ပြီး ဒီနေရာမှာရှိရတာ အလွန်ကံကောင်းပါတယ်။ဒါက ကျွန်တော်တို့လက်ထဲမှာဖြစ်ပြီး၊ ကျွန်တော်တို့ အပေါ်မှာပဲ မူတည်ပါတယ်။ထူးထူးခြားခြားလုပ်စရာမလိုပါဘူး”

“တစ်ပွဲအနိုင်ရတာနဲ့ ဗိုလ်လုပွဲရောက်ပါပြီ။သူတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ မယုံနိုင်လောက်စရာခံစားချက်ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာကလပ်ဟာ ဒီတစ်ကြိမ်မှာ လက်စားပြန်ချေဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။