Champion League

အင်တာကို ပြန်အနိုင်ယူပြီး အေစီမီလန် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်မယ်လို့ ပိုင်အိုလီပြော

အေစီမီလန်အသင်းနည်းပြ ပိုင်အိုလီက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့အရေးနိမ့်ခဲ့ပေမယ့် သူတို့ ဗိုလ်လုပွဲတက်နိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ကိုလည်း ဆန်စီရိုမှာပဲ ကစားရမှာဖြစ်ပြီး ဒီပွဲကိုတော့ အင်တာမီလန်က အိမ်ရှင်အဖြစ် ကျင်းပရမှာပါ။အင်တာမီလန်အသင်းဟာ ပထမအကျော့မှာ ၂ ဂိုးအသာရထားတာကြောင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်ဖို့ ပိုပြီးရေပန်းစားနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အေစီမီလန်အသင်းကတော့ သူတို့ဟာ ဘယ်သူမှမထင်မှတ်ထားတဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲလည်း တက်နိုင်မယ်လို့ နည်းပြ ပိုင်အိုလီက ယုံကြည်နေတာပါ။

ပိုင်အိုလီက “အားနည်းချက်နဲ့ စတင်ရမယ်ဆိုတာကို သိပေမယ့် ဒါကို ပြန်ပြောင်းနိုင်အောင် လုပ်ရမယ့် အရည်အသွေးတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။အခုအချိန်မှာ ကျွန်တော်တို့ ဗိုလ်လုပွဲတက်နိုင်မယ်လို့ ဘယ်သူကမှ ထင်မှာမဟုတ်ပါဘူး”

“ကျွန်တော်တို့ဟာ ပွဲကြီးပွဲကောင်းတွေ ကစားခဲ့ရပြီး ကစားသမားတွေ ဘယ်လောက်သန်မာလဲ ဆိုတာကို သိပါတယ်။ကျွန်တော်တို့စိတ်ထဲမှာ အရေးအကြီးဆုံးအရာက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ဖို့ပါ”လို့ဆိုခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။