Champion League

အေစီကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းခဲ့တဲ့ အင်တာ

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အေစီမီလန်နဲ့ အင်တာမီလန်အသင်းတို့ မီလန်ဒါဘီပွဲစဉ်အဖြစ် ကစားခဲ့ရာမှာ အင်တာမီလန်အသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ အင်တာမီလန်အသင်းဟာ ပွဲကစားချိန်အစောပိုင်းတွေဖြစ်တဲ့ ပွဲချိန် ၈ မိနစ်မှာ ဂျက်ကိုနဲ့ ပွဲချိန် ၁၁ မိနစ်မှာ မီခီတာရန်းက အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။ရာဖေးလီယိုမပါဝင်နိုင်ခဲ့တဲ့ အေစီမီလန်တိုက်စစ်ဟာ ဒီပွဲမှာ အင်တာမီလန်အသင်းဘက်ကို တိုက်စစ်ဆင်ဖို့ ခက်ခဲခဲ့တာဖြစ်ပါတယ်။

ကယ်လ်ဟန်နိုဂလူးကန်သွင်းချက်တိုင်ထိတာနဲ့ ပင်နယ်တီဆုံးဖြတ်ချက်ကို ပြန်ပြောင်းခဲ့တာတွေကြောင့် အေစီမီလန်အသင်းဟာ ဒီထက်ဂိုးပြတ်ပြီး အရေးမနိမ့်ခဲတာပါ။ဒါပေမယ့် ဒုတိယအကျော့လည်း ဆန်စီရိုမှာပဲ ကစားမှာဖြစ်တာကြောင့် အင်တာမီလန်အတွက်တော့ ဗိုလ်လုပွဲတက်နိုင်ဖို့အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံး အေစီမီလန်အသင်းကို ဂိုးမပေးဘဲ နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၁၉၇၉-၈၀ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ်လို့ မှတ်တမ်းဝင်ခဲ့တာပါ။

AC Milan’s French forward Olivier Giroud reacts after missing a goal opportunity during the UEFA Champions League semi-final first leg football match between AC Milan and Inter Milan, on May 10, 2023 at the San Siro stadium in Milan. (Photo by GABRIEL BOUYS / AFP)

လာမယ့်အပတ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာတော့ အေစီမီလန်အသင်းအနေနဲ့ အကောင်းဆုံးမပြသနိုင်ရင်တော့ ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ရဖို့ ရှိလာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။