Champion League

မန်စီးတီးရဲ့ကစားပုံကို ဖျက်ဆီးပစ်မယ်လို့ အင်တာမီလန်ကစားသမား ချာဟန်နိုဂလူးကတိပေး

အင်တာမီလန်ကွင်းလယ်လူ ချာဟန်နိုဂလူးက သူတို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမယ့် မန်စီးတီးအသင်းရဲ့ကစားပုံကို ဖျက်ဆီးပစ်မယ်လို့ ပြောလိုက်ပါတယ်။

မန်စီးတီးနဲ့ အင်တာမီလန်အသင်းတို့ဟာ မနက်ဖြန်မနက်ပိုင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်စီးတီးအသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ ဆုဖလား ၂ လုံးရရှိထားပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့မယ်ဆိုရင် တစ်ရာသီအတွင်းဆုဖလား ၃လုံးရယူနိုင်မှာပါ။

ဒါပေမယ့် အင်တာမီလန်ကွင်းလယ်ကစားသမားက သူတို့ဟာ မန်စီးတီးအသင်းရဲ့ပွဲကစားပုံတွေကို ဖျက်ဆီးသွားမယ်လို့ ပြောခဲ့ပါတယ်။

ချာဟန်နိုဂလူးက “ကျွန်တော်ဟာ ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ခဲ့ပြီး ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ပွဲကို ကစားဖို့ အရေးကြီးပါတယ်။အကြောက်အလန့်မရှိကစားတာက ကျွန်တော်တို့ အတွက်အရေးကြီးပါတယ်။ကျွန်တော်တို့ဟာ ပွဲကို လွှမ်းမိုးပြီး ပွဲရဲ့အစီအစဉ်ကို ဖျက်ဆီးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ဒါဟာ အလွန်ကောင်းမွန်တဲ့ ပွဲဖြစ်လာမှာပါ။ဒီအခိုက်အတန့်ကို အပြည့်အခံစားချင်ပါတယ်။ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်သွားမယ်”လို့ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

Champion League

ချန်ပီယံလိဂ်မှာ ရီးရယ်လ်ကို ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးစာရင်းထဲ မထည့်တဲ့အပေါ် မအံဩကြောင်း အန်ဆယ်လော့တီပြော

အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးလောင်းကြေးတွေထဲမှာ ရီးရယ်လ်ကို မထည့်သွင်းတဲ့ အပေါ် မအံဩကြောင်း ပြောလိုက်ပါတယ်။ ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကမှ ချန်ပီယံလိဂ်ဆုဖလားကို ပူပူနွေးနွေးရယူထားတာပါ။ဒါပေမယ့် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတို့ကသာ ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။ ရီးရယ်လ်အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ
Champion League

“ကိတ်မုန့်တလုံးကို ဘယ်လိုမျှဝေစားရမယ်ဆိုတာကို သိသင့်တယ်” – အမ်ဘာပေ

ပီအက်စ်ဂျီတိုက်စစ်ကစားသမား အမ်ဘာပေက နေမာနဲ့ သူ့အကြား ပင်နယ်တီဘယ်သူကန်မယ်ဆိုတာ အငြင်းပွားနေတဲ့အပေါ် ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ နေမာနဲ့ အမ်ဘာပေတို့ ပီအက်စ်ဂျီမှာ ပင်နယ်တီလုကန်ရင်း ဒီရာသီအစောပိုင်းမှာတင် နှစ်ကြိမ် ပြဿနာဖြစ်ပြီးပါပြီ။ အမ်ဘာပေကတော့ အသင်းရဲ့ ပင်နယ်တီကို ပင်တိုင်ကန်သွင်းဖို့ ဦးစားပေး သတ်မှတ်ခံထားရတာပါ။