Champion League

မပြတ်မသားဖြစ်ခဲ့လို့ အီးတီဟတ်မှာ အဖြေထုတ်ကြရမယ့် ရီးရယ်လ်နဲ့ မန်စီးတီး

ဒီမနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ပွဲမှာ တစ်ဖက် ၁ ဂိုးစီသရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက်ထိရောက်မှုအပိုင်းမှာ မန်စီးတီးအသင်းက အသာရခဲ့ပေမယ့် ဦးဆောင်ဂိုးကို ရီးရယ်လ်အသင်းက စတင်ရရှိခဲ့တာပါ။ဒီဂိုးကို ပွဲချိန် ၃၆...
Champion League

မန်စီးတီးက မိမိတို့ကို ဖျက်ဆီးပစ်မှာလား ကြည့်တာပေါ့ဆိုတဲ့ တိုနီကရူးစ်

ရီးရယ်လ်အသင်းကွင်းလယ်ကစားသမား တိုနီကရူးစ်က မန်စီးတီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ မန်စီးတီအသင်းက သူတို့ကို ဖျက်ဆီးသွားအောင် လုပ်မယ်ဆိုပြီး ဝိန်းရွန်နီပြောခဲ့တဲ့ အပေါ် တုံ့ပြန်လာခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဆီမီးဖိုင်နယ်မှာ ရှုံးထားတဲ့ ရှုံးကြွေးကို ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ ပြန်ပြီးလက်စားချေနိုင်ဖို့...
Champion League

ဘောလုံးက လက်စားချေဖို့ အခွင့်အရေးပေးတယ်လို့ ရီးရယ်လ်နဲ့ ပွဲမတိုင်ခင် ပြောလိုက်တဲ့ ရိုဒရီ

မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီက ရီးရယ်လ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မနှစ်က ရှုံးကြွေးကို ပြန်လက်စားချေဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကပွဲမှာ ရီးရယ်လ်အသင်းက နှစ်ကျော့ပေါင်းရလဒ် ၆ ဂိုး- ၅ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။အဲ့ဒီနှစ်ကပွဲမှာ မန်စီးတီးက...
Champion League

မန်စီးတီးက ရီးရယ်လ်ကို နိုင်ရုံတင်မဟုတ်ဘဲ ချေမှုန်းပစ်တဲ့အဆင့်ထိ လုပ်ပစ်မှာလို့ ဝိန်းရွန်နီပြော

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဝိန်းရွန်နီက လာမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားရုံတင်မဟုတ်ဘဲ ချေမှုန်းပစ်တဲ့အဆင့်အထိ လုပ်ပစ်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီပွဲကိုတော့ လာမယ့် မေလ ၁၀ ရက်နေ့မှာ ကစားသွားမှာဖြစ်ပါတယ်။ မန်စီးတီးကတော့ ဒီရာသီမှာ အဓိကဆုဖလား...
Champion League

ဟာလန်း အီးပေါက်တဲ့အကြောင်းကို ပြောလာခဲ့တဲ့ ဂေါ်ရက်စကာ

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂေါ်ရက်စကာက မန်စီးတီးအသင်းနဲ့ ကစားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဟာလန်း အီးပေါက်တဲ့အကြောင်းကို ပြောလာခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ဒီရာသီ မန်စီးတီးအသင်းအတွက် ခြေစွမ်းပြနေပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းပြသကာ အသင်းကို နောက်တစ်ဆင့်တက်နိုင်အောင် ကူညီပေးနိုင်ခဲ့တာပါ။ ဒါပေမယ့်...
Champion League

ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာ ၂ နှစ်အတွင်း ပထမဆုံးပင်နယ်တီလွဲချော်ခဲ့တဲ့ ဟာလန်း

မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာ မန်စီးတီးအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ ဟာလန်းအတွက် ၂ နှစ်အတွင်း ပထမဆုံးအကြိမ် ပင်နယ်တီလွဲချော်ခဲ့တာပါ။ဟာလန်းဟာ နောက်ဆုံး ၁၈ ကြိမ်ဆက်တိုက်ကန်သွင်းခဲ့တဲ့ ပင်နယ်တီအားလုံးဟာ မလွဲချော်ခဲ့ပဲ...
Champion League

ဘင်ဖီကာနဲ့ အပြန်အလှန်ဂိုးသွင်းပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အင်တာမီလန်

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲတစ်ပွဲဖြစ်တဲ့ အင်တာမီလန်နဲ့ ဘင်ဖီကာတို့ရဲ့ပွဲကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိပြီး ၃ ဂိုးစီသရေရလဒ်နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီပွဲမှာ အင်တာမီလန်အသင်းအတွက် ဂိုးတွေကို ဘာရယ်လာ၊ မာတီးနတ်ဇ်နဲ့ ကော်ရီယာတို့က သွင်းယူခဲ့တာဖြစ်ပြီး ဘင်ဖီကာအတွက်ဂိုးတွေကိုတော့ အာစနက်၊ အန်တိုနီယိုဆေးလ်ဗားနဲ့ မူဆာတို့က သွင်းယူခဲ့ကြတာပါ။ပထမအကျော့တုန်းက...
Champion League

ဘိုင်ယန်ရဲ့ပြန်လာနိုင်မယ့် မျှော်လင့်ချက်တွေ ကိုအဆုံးသတ်ပြီး မန်စီးတီးဆီမီးဖိုင်နယ်တက်

ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ၁ ဂိုးစီသရေကျသွားခဲ့ပါတယ်။ ပထမအကျော့ အီးတီဟတ်မှာ ကစားခဲ့တဲ့တုန်းက မန်စီးတီးက ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး- ၁ ဂိုးနဲ့...
Champion League

ချယ်လ်ဆီးနဲ့ ပွဲမှာ အိုင်ဒေါလ်ရော်နယ်ဒိုရဲ့အောင်ပွဲခံနည်းအတိုင်း ရိုဒရီဂိုအောင်ပွဲခံ

ရီးရယ်လ်ကစားသမား ရိုဒရီဂိုဟာ ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူပြီးနောက် ရော်နယ်ဒိုရဲ့အောင်ပွဲခံနည်းအတိုင်းအောင်ပွဲခံခဲ့ပါတယ်။ ရီးရယ်လ်အသင်းဟာ ဒီပွဲမှာ ချယ်လ်ဆီးအသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ၂ ဂိုးစလုံးကို ရိုဒရီဂိုက သွင်းယူခဲ့တာပါ။ရီးရယ်လ်အသင်းဟာ...
Champion League

၂၀၀၇ နောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်နိုင်ခဲ့တဲ့ အေစီမီလန်

အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် နာပိုလီအသင်းနဲ့ နေပယ်လ်မှာ ကစားခဲ့ရာ ၁ ဂိုးစီသရေကျသွားခဲ့ပါတယ်။ ဂီရောဒ့်က အေစီမီလန်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အိုဆင်မ်ဟန်က နာပိုလီအတွက် ချေပဂိုးပြန်သွင်းယူခဲ့တာပါ။ဒီပွဲမှာ အေစီမီလန်အသင်းက ဂီရောဒ့်နဲ့ နာပိုလီအသင်းက ကီဗရာတို့ ပင်နယ်တီကန်သွင်းခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ကြတာ ဖြစ်ပါတယ်။...